ရသေ့တောင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမူကြောင့် ရွာသားများထွက်ပြေးနေရ

ရသေ့တောင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမူကြောင့် ရွာသားများထွက်ပြေးနေရ

 ဝင်းညွန့်  — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်ရံကျေးရွာနှင့် မောင်ဖြူကျေးရွာအနီးတွင် ဇန်နဝါရီလ ၂၄ ရက်  ညနေ ၃ နာရီကျော်တွင် တိုက်ပွဲဖြစ်ပွားမူကြောင့် ယင်းကျေးရွာများမှ ဒေသခံများမှာ နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရသည် ဒေသခံများထံက သိရသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် ကျောက်ရံကျေးရွာ တောင်ဘက် တစ်မိုင်ခွဲအကွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သဖြင့် ဒေသခံများမှာ ရေဘုတ်ကျေးရွာနှင့် ရသေ့တောင်မြို့သို့ ထွက်ပြေးသွားရသည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

ကျောက်ရံကျေးရွာတွင် အိမ်ခြေ ၁၅၀ ကျော်ရှိပြီး လူဦးရေးစုစုပေါင်း ၈၀၀ ကျော်ရှိကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

အလားတူ မောင်ဖြူကျေးရွာ မြောက်ဘက် ၂ မိုင်အကွာတွင်လည်း ညနေ ၃ နာရီကျော်တွင် တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့သောကြောင့် ကျေးရွာသားများမှာ အနီးအနားကျေးရွာများသို့ ထွက်ပြေးနေရသည်ဟု မောင်ဖြူကျေးရွာသားတစ်ဦးက ဆိုသည်။

“ရွာထဲမှာတော့ လူနည်းနည်းတော့ ကျန်ခဲ့တယ်။ စားရတာကတော့ ဖြစ်သလိုစားနေရတယ်။ ထွက်ပြေးလာတယ်ဆိုတော့ အခက်ခဲတော့ရှိတာပေါ့။” ဟု ၎င်းကဆိုသည်။

မောင်ဖြူကျေးရွာတွင် အိမ်ခြေ ၈၀ ကျော်နှင့် လူဦးရေ ၂၀၀ ကျော်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါကျေးရွာများအနီးတွင် တိုက်ပွဲဖြစ်ပွားမူကြောင့် ကျေးရွာသားများထွက်ပြေးနေသည်မှာ မှန်ကန်ပြီး ထွက်ပြေးနေရသည့် လူဦးရေစာရင်းကို အတိအကျမသိရသေးကြောင်း ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။

ရခိုင်ပြည်နယ်တွင်း တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်နှစ်ကျော်ကာလသို့ ရောက်ရှိလာပြီဖြစ်ပြီး စစ်ဘေးရှောင်ဦးရေမှာလည်း(၁)သိန်းကျော်အထိရှိ လာပြီဖြစ်ကာကာ စားဝတ်နေရေး၊ ပညာရေး စသည့် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)က ထုတ်ပြန်ထားသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...