ကော်ရိုနာ ဗိုင်းရပ်စ် ကူးစက်မှု တားဆီးရေး ကချင်ပြည်နယ် တရုတ်နယ်စပ်ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်သွားမည်

ကော်ရိုနာ ဗိုင်းရပ်စ် ကူးစက်မှု တားဆီးရေး ကချင်ပြည်နယ် တရုတ်နယ်စပ်ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်သွားမည်

ကချင်ပြည်နယ် တရုတ်နယ်စပ်ဂိတ်များတွင် ကော်ရိုနာ ဗိုင်းရပ်စ် ကူးစက်မှု တားဆီးရေးအတွက် မကြာမီအချိန်အတွင်း စစ်ဆေးဆောင်ရွက်သွားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းက ပြောသည်။

တရုတ်နယ်စပ်ဂိတ်များဖြစ်သည့် လွယ်ဂျယ်၊ ကန်ပိုက်တီ၊ ပန်ဝါဂိတ်များမှ ဝင်ရောက်လာသည့် ခရီးသည်များကို ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်နိုင်ရန် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ညှိနှိုင်းထားပြီး မကြာမီအချိန်အတွင်း အမြန်ဆုံး စစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သို့သော်တရားဝင်ဂိတ်များတွင် စစ်ဆေးမှုများ ဆောင်ရွက်နိုင်သော်လည်း တရားမဝင်နယ်စပ်ဂိတ်များအတွက် စိုးရိမ်မှုရှိကြောင်း လဝက ဝန်ကြီး ဦးဇော်ဝင်းက ပြောသည်။

"ကျွန်တော်တို့လုပ်နိုင်တာကတော့ ပန်ဝါ၊ကန်ပိုက်တီ၊ လွယ်ဂျယ်၊ လေကြောင်းဂိတ်ရယ် ဂိတ်လေးဂိတ်တော့လုပ်နိုင်တယ် ။ ဒါပေမယ့် တရားမဝင်ဂိတ်တွေကလည်း အများကြီးရှိတော့လေ၊ အဲ့အတွက်တော့ စိုးရိမ်ပါတယ်။ အဲ့ဂိတ်တွေက လူဝင်မှုကြီးကြပ်ရေးဘက်ကလည်းမထိုင်ဘူးဆိုတော့ ထိန်းချုပ်ဖို့တော့ ခက်တယ်ဗျ"ဟု ၎င်းက ပြောသည်။

လတ်တလောတွင် မြစ်ကြီးနားလေဆိပ်မှ ဝင်ရောက်သည့် တရုတ်နိုင်ငံသားစာရင်း ကောက်ကာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ဦးဇော်ဝင်းကပြောသည်။

ဇန်နဝါရီ ၂၅ရက်နေ့ထိ တရုတ်နိုင်ငံတွင် ကော်ရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ ၅၆ဦးထိရှိလာပြီး ကူးစက်ခံရသူဦးရေ ၂၀၀၀ နီးပါးရှိနေကြောင်း တရုတ်အစိုးရက ထုတ်ပြန်ထားသည်။

ယင်းဗိုင်းရပ်စ်သည် တောင်ကိုးရီးယား၊ဂျပန်၊ဟောင်ကောင်၊ထိုင်ဝမ်၊ မကာအို၊ ဩစတြေးလျ၊ ဗီယက်နမ်၊စင်္ကာပူ ၊ မလေးရှား၊ ထိုင်း၊ နီပေါ နိုင်ငံများထိ ကူးစက်ပျံ့နှံ့လျက်ရှိသည်။

August 13, 2026
ကချင်ပြည်၊ တနိုင်း-လီဒိုလမ်းမပေါ် တစ်လျှောက်တွင် ဦးမင်းဇေသန့် ဦးဆောင်သော ဝါရာဇွပ်...
August 11, 2026
စစ်အုပ်စု၏ အမျိုးသမီး စစ်မှုထမ်း ခေါ်ယူမည့် ကိစ္စအပေါ် လုံးဝ လက်မခံနိုင်ကြောင်း မြန်မာနိုင်ငံ...
August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...