ရခိုင်ပြည်နယ်ရှိ လယ်ယာမြေများကို စစ်တမ်းကောက်ယူနေ

ရခိုင်ပြည်နယ်ရှိ လယ်ယာမြေများကို စစ်တမ်းကောက်ယူနေ

ခင်သရဖီဦး — ရခိုင်ပြည်နယ်အတွင်းရှိ တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို မြှင့်တင်နိုင်ရန်အတွက် လယ်ယာမြေစစ်တမ်းများ ကောက်ခံလျက်ရှိကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂထံမှ သိရသည်။

တောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဥပဒေအရအကာအကွယ်ပေးနိုင်အောင် လယ်ယာမြေစစ်တမ်းကောက်ရခြင်းဟု အဆိုပါသမဂ္ဂ၏ ဥက္ကဋ္ဌ ဦးကျော်ဇံက ပြောသည်။

“စစ်တမ်းကောက်တဲ့နေရာမှာ တောင်သူ၊ လယ်သမား တစ်ဦးချင်းစီကို တွေ့ဆုံပြီးတော့ မြေယာပိုင်ဆိုင်မှုကို မေးမြန်းပြီးကောက်သွားမှာပါ။ အခြားတွေမှာတော့ ဒီစစ်တမ်းမျိုးကို တောင်သူအခြေခံပြီးတော့ စနစ်တကျ စစ်တမ်းကောက်ခံတာမျိုးကတော့ မရှိကြသေးဘူး။ လောလောဆယ်ကောက်ထားတဲ့ ယေဘုယျစစ်တမ်းအရ အရင်က ဆယ်သိန်းငါးသောင်းခွဲလောက်ရှိတဲ့ လယ်မြေဧကကနေ ဒီနှစ်ထဲမှာ ဧကနှစ်သိန်းလောက် လျှော့ကျသွားတဲ့အနေထားတွေ တွေ့နေရတယ်။ အကျိုးဆက်အနေနဲ့ စပါးထွက်နှုန်းတွေ လျှော့သွားတာမျိုးတွေရှိနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

တိုက်ပွဲကြောင့် ထွန်ယက်စိုက်ပျိုးနိုင်ခြင်းမရှိသည့် လယ်ယာမြေများကိုလည်း  စစ်တမ်းကောက်ယူသွားမည်ဟု ဖြစ်ကာ တွေ့ရှိချက်များကို ပြည်နယ်အစိုးရနှင့် ပြည်နယ်လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ပြီး အကျိုးတစ်စုံတစ်ရာ ရရှိရန် မျှော်လင့်မိသည်ဟု ဦးကျော်ဇံက ဆက်လက်ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တိုက်ပွဲကြောင့် လယ်ယာမြေဧက (၁၂၀၀၀)ကျော်မှာ စပါးရိတ်သိမ်းရန် အခက်အခဲရှိနေသည်ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂက ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းတွင် ပြောဆိုထားသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...