မြဝတီမြို့တွင် တရုတ်နိုင်ငံသားတစ်ဦးထံမှ WY မူးယစ်ဆေးဝါး အလုံးရေ ၇၀ ကျော် ဖမ်းဆီးရမိ

မြဝတီမြို့တွင် တရုတ်နိုင်ငံသားတစ်ဦးထံမှ WY မူးယစ်ဆေးဝါး အလုံးရေ ၇၀ ကျော် ဖမ်းဆီးရမိ

ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၅)ရပ်ကွက် ရှမ်းလမ်းခွဲ မြတ်လင်းအေးမြိုင်လမ်းတွင် ဇန်နဝါရီ ၂၁ရက် မွန်းလွဲ ၃နာရီခွဲ အချိန်ခန့်တွင် တရုတ် နိုင်ငံသားတစ်ဦးထံမှ WY မူးယစ်ဆေးဝါး အလုံးရေ ၇၀ ကျော် ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်စု(၃၂) မြဝတီမြို့မှ ဒုရဲအုပ်ဦးစီး တပ်ဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက အမှတ်(၅) ရပ် ကွက် ရှမ်းလမ်းခွဲ မြတ်လင်းအေးမြိုင်လမ်းဘေးတွင် မသင်္ကာဖွယ်တွေ့ရှိသူ တရုတ်နိုင်ငံသား ဖူး ပေါက် ၂၁နှစ်၏ ခန္ဓာကိုယ်အားရှာဖွေရာ ၎င်း၏ယာ ဘက်လက်အတွင်း ကိုင်ဆောင်ထားသော Red Ruby စီးကရက်ဗူးအတွင်း ပလတ်စတစ်အိတ် ဖြင့်ထုပ်၍ ထည့်ထားသော wy မူးယစ်ဆေးဝါး ၇၉ ပြားနှင့် ၎င်း၏ဝဲဘက်လက်တွင် ကိုင်ဆောင်ထားသော Oppo အမျိုးအစား လက်ကိုင်ဖုန်းတစ် လုံးနှင့်အတူ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့မှတ်တမ်းအရ သိရသည်။

ထိုနောက် WY မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသူ တရုတ်နိုင်ငံသား ဖူးပေါက်အား မြဝတီမြို့ မူးယစ်တပ်ဖွဲ့ရုံးတွင် ခေါ်ဆောင်စစ်ရေးရာ ၎င်းမှ အဆိုပါ ဆေးပြားများကို မြတ်လင်းအေးမြိုင်လမ်း တွင် အမည်မသိအမျိုးသားတစ်ဦးထံမှ တစ်လုံးလျှင် ထိုင်းဘတ်ငွေ (၉၀)နှုန်းဖြင့် ဆေးပြား ၇၉ လုံးအား ဘတ်ငွေ ၇,၀၀၀ ဖြင့် ဝယ်ယူခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသူ တရုတ်နိုင်ငံသား ယူနန်ပြည်နယ်နေသူ ဖူး ပေါက် ၂၁နှစ် (လက်ရှိ မြဝတီမြို့ အမှတ်(၅)ရပ်ကွက် မြတ်လင်းအေးမြိုင်လမ်းနေသူ)အား မြဝတီမြို့ မရဲ စခန်းတွင် မူးယစ် (ပ)၇/၂၀၂၀၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ပြစ်မှု ပုဒ်မ ၁၉(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...