မတရားအသင်းပုဒ်မဖြင့် တရားစွဲဆိုခံရသူ ၁၃ ဦးကို စွဲချက်တင်သင့် မတင်သင့် အမိန့်ချတော့မည်

မတရားအသင်းပုဒ်မဖြင့် တရားစွဲဆိုခံရသူ ၁၃ ဦးကို စွဲချက်တင်သင့် မတင်သင့် အမိန့်ချတော့မည်

AA နှင့်ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)(၂)ဖြင့် (၁၀)လကျော်ကြာအမှုရင်ဆိုင်နေရသူ (၁၃)ဦးကို လာမည့် ဇန်နဝါရီလ ၂၄ ရက်တွင် စွဲချက်တင်သင့်၊ မတင်သင့် စစ်တွေခရိုင်တရားရုံးက အမိန့်ချမှတ်မည်ဟု ရှေ့နေ ဦးထွန်းလှက ပြောသည်။

ယင်းအမှုမှာ တရားလိုပြသက်သေ (၁၇)ဦးကို စစ်ဆေးပြီးနောက် ဇန်နဝါရီလ ၂၁ ရက်နေ့က နှစ်ဖက် ရှေ့နေများ အပြန်အလှန် လျှောက်လဲချက်ပေးခဲ့ကြသည်။

“တရားလို လိုပြသက်သေတွေရဲ့ထွက်ဆိုချက်က စွပ်စွဲထားတဲ့ပုဒ်မတွေနဲ့ မညီဘူးပေါ့နော်။ အဲဒါကြောင့် စွဲချက်မတင်သင့်ဘူးဆိုပြီးတော့ လျှောက်လဲချက်ပေးခဲ့ပါတယ်” ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးထွန်းလှက ဆက်ပြောသည်။

ပြီးခဲ့သည့်နှစ် ဧပြီလအတွင်းက ရှင်းလက်ဝရွာသား (၂၁)ဦးမှာ ကျောက်တော်မြို့နေအိမ်တစ်ခုတွင် တည်းခိုနေစဉ် အိမ်ပိုင်ရှင်များနှင့်အတူ ဖမ်းဆီးခံခဲ့ရသည်။ ယင်းအနက် (၁၀)ဦးကို လွှတ်ပေးခဲ့ကာ အိမ်ပိုင်ရှင်ဇနီးမောင်နှံနှစ်ဦး အပါအဝင် (၁၃)ဦးကို ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

၎င်းတို့ကို AA နှင့်ဆက်သွယ်မှု၊ ရိက္ခာထောက်ပံ့မှု စသည့်စွပ်စွဲချက်များဖြင့် ကျောက်တော်အခြေစိုက် ခမရ ၃၇၅ တပ်ရင်းမှ ဗိုလ်မှူး နိုင်အောင်ဖြိုးက တရားလိုပြုတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...