အကြိမ် ၅၀ ပြည့် ကရင်စာပေနှင့်ယဉ်ကျေးမှု စုပေါင်းသင်တန်းဆင်းပွဲကို စည်ကားစွာ ပြုလုပ်သွားမည်

အကြိမ် ၅၀ ပြည့် ကရင်စာပေနှင့်ယဉ်ကျေးမှု စုပေါင်းသင်တန်းဆင်းပွဲကို စည်ကားစွာ ပြုလုပ်သွားမည်

ကရင်စာပေနှင့် ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးအသင်းက ဦးဆောင် ပြုလုပ်မည့် အကြိမ် ၅၀ ပြည့်(ရွှေရတု အထိမ်းအမှတ်) ကရင်စာပေနှင့် ယဉ်ကျေးမှု စုပေါင်းသင်တန်းဆင်းပွဲကို ပြည်နယ်၏ မြို့တော်ဖားအံရှိ သီရိ ကွင်း၌ စည်ကားစွာ ပြုလုပ်သွားမည်ဟု သိရသည်။

ဇန်နဝါရီ ၁၉ ရက်တွင် ဖားအံမြို့၊ ကရင်ကျောင်းသားများရိပ်သာ(KSC)၌ ပြုလုပ်သော ကရင်စာ/ ယဉ် စုပေါင်းသင်တန်းဆင်းပွဲ စီမံခန့်ခွဲရေးကော်မတီ၏ ဒုတိယအကြိမ်မြောက် ညှိုနှိုင်းဆွေးနွေးပွဲအပြီး ကော် မတီဥက္ကဋ္ဌ စောကြည်လင်းက ကေအိုင်စီသို့ ယခုလို ပြောသည်။

“ဒီနှစ်က နှစ် ၅၀ ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ တခြားနှစ်တွေနဲ့မတူ ထူးထူးခြားခြား လုပ်ပေးနိုင်ဖို့အတွက် ကော်မတီအသီးသီးက တာဝန်ယူပြီး လုပ်ရတာပေါ့။ ကရင်တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ ပတ်သက် တဲ့ တူရိယာပစ္စည်းတွေ၊ ရှေးဟောင်းပေစာတွေကို ယဉ်ကျေးမှုဦးစီးဌာနနဲ့ပူးပေါင်းပြီးတော့မှ အကောင်းဆုံး လုပ်သွားဖို့ ရှိတယ်။” ဟု ဇန်နဝါရီ ၂၀ ရက်တွင် ပြောသည်။

ကရင်တိုင်းရင်းသားတို့၏ စာပေ၊ ယဉ်ကျေးမှုများ မပပျောက်အောင် ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ရန်နှင့် အဆင့်အတန်းဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပြုလုပ်သည့် ယခုသင်တန်းဆင်းပွဲအတွက် အထိမ်းအမှတ် ကျောက်တိုင်စိုက်ထူသွားမည့်နေရာကို ဆက်လက်ညှိနှိုင်းနေကြောင်းလည်း စောကြည်လင်းက ဆက်ပြော သည်။

ယမန်နေ့က ပြုလုပ်ခဲ့သည့် ညှိနှိုင်းဆွေးနွေးပွဲတွင် သံဃာတော်များ၊ ကော်မတီဝင်များ နှင့် ပြည်သူများ စုစုပေါင်းလူဦးရေ ၁၀၀ ခန့် ပါဝင်တက်ရောက်ခဲ့ကြပြီး အကြိမ် ၅၀ ပြည့်(ရွှေရတု အထိမ်းအမှတ်)မဂ္ဂဇင်း ထုတ်ဝေ မည့်အချက်အပါအဝင် အခြားကိစ္စရပ်များကိုလည်း ပါဝင်ဆွေးနွေးခဲ့ကြသည်။

မေလတွင် ပြုလုပ်မည့် ယခုနှစ် သင်တန်းဆင်းပွဲတွင် ကရင်စာပေဖြေဆိုပြိုင်ပွဲ၊ ဒုံးအကပြိုင်ပွဲ၊ ဆုတောင်းတေး သီဆိုပြိုင်ပွဲ၊ တစ်ကိုယ်တော် တေးသီချင်းသီဆိုမှု၊ ကရင်ရိုးရာ တူရိယာအတီးအမှုတ်ပြိုင်ပွဲများအပြင် အခြား ကရင့်ရိုးရာယဉ်ကျေးမှုများကိုပါ ထည့်သွင်းပြုလုပ်သွားမည်ဟု သိရသည်။

ပြီးခဲ့သည့် ၄၉ ကြိမ်မြောက် စုပေါင်းသင်တန်းဆင်းပွဲကို ၂၀၁၉ ခုနှစ်၊ မေလတွင် ကရင်ပြည်နယ်၊ မြဝတီမြို့ ထာဝရနှစ်သစ်ကူးကွင်း၌ ပြုလုပ်ကျင်းပခဲ့သလို ၄၈ ကြိမ်မြောက် စုပေါင်းသင်တန်းဆင်းပွဲကို ၂၀၁၈ ခုနှစ်၊ မေလတွင် ဖားအံမြို့နယ်၊ ကော့ပရံရွာ၌ ပြုလုပ်ကျင်းပခဲ့သည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...