ရန်ကုန်-ကျောက်ဖြူခရီးသည်တင်ကား တိမ်းမှောက်မှုကြောင့် လူ(၄)ဦးသေဆုံးကာ (၆)ဦးဒဏ်ရာရ

ရန်ကုန်-ကျောက်ဖြူခရီးသည်တင်ကား တိမ်းမှောက်မှုကြောင့် လူ(၄)ဦးသေဆုံးကာ (၆)ဦးဒဏ်ရာရ
Photo - Phoe Maung
Photo - Phoe Maung

ဝင်းညွန့် — ရန်ကုန်-ကျောက်ဖြူ ခရီးသည်တင်ကားတစ်စီး  ဇန်နဝါရီလ ၂၀ ရက်နေ့၊ နံနက် (၅)နာရီကျော်က ရမ်းဗြဲမြို့နယ်၊ ကုလားပုန်းကျေးရွာအနီးတွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့သောကြောင့် လူ(၄)ဦးသေဆုံးကာ (၆)ဦးဒဏ်ရာရရှိသွားသည်ဟု ကျောက်ဖြူမြို့နယ် နာရေးကူညီမှုအသင်းထံမှ သိရသည်။

အဆိုပါခရီးသည်တင်ကားမှာ မျိုးဆက်သစ်အမည်ရှိ ကားဖြစ်ဖြစ်ပြီး ရန်ကုန်မှ ကျောက်ဖြူမြို့သို့လာစဉ် ကုလားပုန်းရွာအနီး လမ်းကွေ့တစ်နေရာတွင် တိမ်းမှောက်သွားခြင်းဖြစ်သည်။

“အလောင်းတွေကို ဘယ်ကိုယူသွားမယ်ဆိုတာတော့ မသိရသေးဘူး။ ဒဏ်ရာရထားတဲ့ သူတွေကိုတော့ စနဲမြို့ ဆေးရုံမှာပို့ထားတယ်။ စိုးရိမ်စရာတော့ မရှိပါဘူး” ဟု ကျောက်ဖြူနာရေးကူညီမူအသင်း ဥက္ကဋ္ဌ ကိုဂျပန်ကြီး ကပြောသည်။

ယင်းကားတွင် ခရီးသည်စုစုပေါင်း (၂၃)ဦးတင်ဆောင်လာခြင်းဖြစ်ကာ ကားတိမ်းမှောက်ရသည့် အကြောင်းအရင်းကို မသိရှိရသေးဟု ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ကားတိမ်းမှောက်မှုနှင့်ပတ်သက်ပြီး ကားဒရိုင်ဘာနှင့်ကားဂိတ်မှူးတို့ကို ကျောက်ဖြူမြို့မရဲစခန်းက ခေါ်ယူသွားသည်ဟု သိရသည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး စခန်းမှူးကို ဆက်သွယ်ခဲ့ရာ ခရီးလွန်နေသောကြောင့် ဖြေကြားခြင်းမရှိပေ။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...