ရတနာပုံစျေးမီးလောင်မှု မီးသတ်များအပါအဝင် ၈ဦးဒဏ်ရာရ

ရတနာပုံစျေးမီးလောင်မှု မီးသတ်များအပါအဝင် ၈ဦးဒဏ်ရာရ

မန္တလေးမြို့ ရတနာပုံစျေး ပထအထပ် Sky Walk တွင် ဇန်နဝါရီ ၁၇ ရက် ညနေ ၆ နာရီခန့်က ဖြစ်ပွားခဲ့သည့် မီးလောင်မှုတွင် ၈ ဦး ဒဏ်ရာများရရှိခဲ့၍ မန္တလေးပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရပြီး ဒဏ်ရာရသူ လေး ဦးမှာ မီးသတ်တပ်ဖွဲ့ဝင်များ ဖြစ်သည်ဟု မန္တလေးပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်ကျော်က ပြောသည်။

"ဆေးရုံရောက်လာတာ ရှစ် ဦးမှာ အရပ်သား လေး ဦးမီးသတ်က ၄ ဦးပါ။OPT မှာဘဲ ကုသမှုပြုပေးလိုက်ရတာရှိသလို မီးသတ်ကနှစ် ဦးကို ဆေးရုံမှာ ကုသမှုပေးနေပြီး မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကတော့ ခွဲစိပ်မှုလုပ်ခဲ့ရတယ်" ဟု ၎င်းကပြောသည်။

လက်ရှိတွင် အဆိုပါစျေးအား ရှင်းလင်းဆောင်ရွက်နေပြီး ဆိုင်ခန်းရှင်များကို မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိ ပစ္စည်းများကို သယ်ဆောင်ခွင့်ပြုထားသည်။

Most read this week

December 16, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ဒီဇင်ဘာ ၁၀ ရက်နေ့၌ မြောက်ဦးဆေးရုံကို စစ်ကော်မရှင်မှ ပေါင်...
December 15, 2025
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အရှေ့ခြမ်း ဆွတ်နန်းကျေးရွာအနီးရှိ ရန်ကင်းတောင်စခန်း...
December 10, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုဦးတည် စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်တပ်စစ်ကြောင်း က ဒေသခံ ၁၂...
December 9, 2025
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အနောက်မြောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကော် မရှင်တပ်က...