ရတနာပုံစျေးမီးလောင်မှု မီးသတ်များအပါအဝင် ၈ဦးဒဏ်ရာရ

ရတနာပုံစျေးမီးလောင်မှု မီးသတ်များအပါအဝင် ၈ဦးဒဏ်ရာရ

မန္တလေးမြို့ ရတနာပုံစျေး ပထအထပ် Sky Walk တွင် ဇန်နဝါရီ ၁၇ ရက် ညနေ ၆ နာရီခန့်က ဖြစ်ပွားခဲ့သည့် မီးလောင်မှုတွင် ၈ ဦး ဒဏ်ရာများရရှိခဲ့၍ မန္တလေးပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရပြီး ဒဏ်ရာရသူ လေး ဦးမှာ မီးသတ်တပ်ဖွဲ့ဝင်များ ဖြစ်သည်ဟု မန္တလေးပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်ကျော်က ပြောသည်။

"ဆေးရုံရောက်လာတာ ရှစ် ဦးမှာ အရပ်သား လေး ဦးမီးသတ်က ၄ ဦးပါ။OPT မှာဘဲ ကုသမှုပြုပေးလိုက်ရတာရှိသလို မီးသတ်ကနှစ် ဦးကို ဆေးရုံမှာ ကုသမှုပေးနေပြီး မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကတော့ ခွဲစိပ်မှုလုပ်ခဲ့ရတယ်" ဟု ၎င်းကပြောသည်။

လက်ရှိတွင် အဆိုပါစျေးအား ရှင်းလင်းဆောင်ရွက်နေပြီး ဆိုင်ခန်းရှင်များကို မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိ ပစ္စည်းများကို သယ်ဆောင်ခွင့်ပြုထားသည်။

May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...
May 18, 2026
ပါခွီး — ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် စစ်ကြောင်းကို စနိုက်ဘာဖြင့်...
May 16, 2026
မကွေးတိုင်းထဲက နတ်မောက်မြို့နယ်နှင့် မန္တလေးတိုင်းထဲက ရမည်းသင်းမြို့နယ်တို့ ထိစပ်နေသည့်...
May 15, 2026
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လေးမြို့မြစ်အတွင်း မေလ ၁၂ ရက် ညနေပိုင်းက လူဦးရေအဆမတန်...