ကရင်ပြည်နယ်တွင်လုပ်ဆောင်မည့် “မဲခေါင်သစ်တောများအတွက် ဒေသခံတို့၏အသံစီမံကိန်း ”မိတ်ဆက်

ကရင်ပြည်နယ်တွင်လုပ်ဆောင်မည့် “မဲခေါင်သစ်တောများအတွက် ဒေသခံတို့၏အသံစီမံကိန်း ”မိတ်ဆက်

နန်းဝေဖြိုးဇာ — သစ်တောများရေရှည်စီမံခန့်ခွဲနိုင်ရန်အတွက်ရည်ရွယ်ပြီး ကရင်ပြည်နယ်တွင် စတင်ဆောင်ရွက်သည့် မဲခေါင် သစ်တောများအတွက် ဒေသခံတို့၏အသံ စီမံကိန်း မိတ်ဆက်ခြင်း အစီအစဉ်ကို ဇန်နဝါရီ ၁၇ ရက်တွင် ကရင်ပြည်နယ် ဖားအံမြို့ သံလွင်ပါရာဒိုက်ဟိုတယ်၌ ကျင်းပပြုလုပ်သည်။

အဆိုပါစီမံကိန်းမှာ အားနည်းမှုများရှိနေဆဲဖြစ်သည့် သစ်တောစီမံအုပ်ချုပ်မှုအပိုင်းများအား ပိုမိုကောင်း မွန်လာ စေရန်ရည်ရွယ်ပြီး ကရင်ပြည်နယ်တွင် ယခုပထမဆုံးအကြိမ်စတင်မိတ်ဆက်လိုက်သည့် စီမံကိန်း တစ်ခုလည်း ဖြစ်သည်။

စီမံကိန်းအတွက် ပြောဆိုခွင့်ရှိသည့် RECOFTC အဖွဲ့မှ ဒေါက်တာမောင်မောင်သန်းက “ကျနော်တို့နိုင်ငံမှာ သစ်တောစီမံအုပ်ချုပ်မှှုအပိုင်းမှာ အားနည်းနေသလို တာဝန်ယူမှှု၊ တာဝန်ခံမှှုတွေလည်းအားနည်းတာတွေရှိ တယ်။ ဒါကို ပြုပြင်ဖို့အတွက် ရည်ရွယ်ချက်နဲ့ပဲ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေထဲက ပုဂ္ဂိုလ်တွေကနေ ဝင်ပြီး အကြံပြုဖို့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်ဖို့ ဒါကို ဒီ Project ကနေပြီး လုပ်ဆောင်ရခြင်းဖြစ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် သစ်တောစီမံအုပ်ချုပ်သည့် စနစ်တစ်ခုဖော်ထုတ်ရန်၊ သစ်တောနှင့်ပတ်သက်၍ လုပ်ဆောင်နေသည့် အစိုးရမဟုတ်သည့် အဖွဲ့များအတွက် စွမ်းဆောင်ရည်မြှင့်တင်ပေးရန်အပြင် နိုင်ငံအသီးသီးရှိ ကွန်ယက်များ ပူးပေါင်းဆောင်ရွက်မှုပိုမိုအားကောင်းလာစေရန် စသည့်ရည်ချက်များလည်း ပါဝင်သည်ဟု ၎င်းက ဆက်ပြော သည်။

အဆိုပါစီမံကိန်းကို မြန်မာနိုင်ငံအပါအဝင် ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားစသည့် မဲခေါင်နှင့် ထိစပ် နေသည့် နိုင်ငံ ၅နိုင်ငံ ပါဝင်သလို နိုင်ငံချင်း ထိစပ်နေသည့် မွန်၊ ကရင်၊ တနင်္သာရီ ဒေသ စသည့်နေရာ ၃ နေရာတွင် ငါးနှစ်စီမံကိန်းဖြင့် အကောင်အထည်အဖော်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သိရသည်။

၂၀၂၁ တွင် ပြီးဆုံးမည့် ၅ နှစ်ကြာစီမံကိန်းကို မြန်မာနိုင်ငံအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးတွင် ၂၀၁၇ ခုနှစ်မှ စတင်ကာ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ကရင်ပြည်နယ်အနေဖြင့် ၂၀၁၉ ခုနှစ်မှသာ အ ကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။

ယနေ့ပြုလုပ်သည့် အစီအစဉ်တွင် ကရင်ပြည်နယ် သစ်တော၊ သတ္တုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး အပါအ ဝင် ကရင် ပြည်နယ်ရှိ အရပ်ဖက်အဖွဲ့များနှင့် ဒေသကိုယ်စားလှယ် ၅၀ဦး နီးပါးတက်ရောက်ခဲ့ကြပြီး တာဝန်ရှိသူများမှ စီမံကိန်းအ ကြောင်းရှင်းလင်းတင်ပြခြင်း၊ ကရင်ပြည်နယ်သစ်တောစီမံအုပ်ချုပ်မှုလုပ်ငန်းများ ပိုမိုအား ကောင်းရန် ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းနှင့်စိန်ခေါ်မှုများ၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော လုပ်ငန်း (CF)လုပ်ငန်းအတွက် ကွန်ယက်ဖွဲ့စည်း ဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

စီမံကိန်းများနှင့်ပတ်သက်၍ ကရင်ပြည်နယ် သစ်တောဦးစီးဌာန ပြည်နယ်တာဝန်ခံ ဦးမြင့်သိန်းထွန်းက“ သစ် တောဆိုတာက တောထဲတောင်ထဲမှာရှိတယ်။ ကျနော်တို့ဌာနဆိုင်ရာ အစိုးရတွေကလည်း တောတောင်ထဲမှာ အခြေချနေထိုင်ဖို့က မရဘူး။ အဲဒီတော့ ဒီသစ်တောတွေကို ထိန်းသိမ်းဖို့က ဒေသခံပြည်သူတွေ အရပ်ဘက် အ ဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ပြီး ထိန်းသိမ်းတာဟာ ပြီးပိုကောင်းသလို ဒီလိုအဖွဲ့တွေ ပါဝင်ကူညီမှပိုပြီး ထိ ရောက်မယ်လို့ ကျနော်က ထင်ပါတယ်။ စီမံကိန်းအောင်မြင်ဖို့က ကျနော်တို့ဌာနဆိုင်ရာ အစိုးရဘက်က လုပ် ထုံးလုပ်နည်းတွေ အချက်လက်တွေကိုတော့ ကူညီဆောင်ရွက်ပေးသွားမယ်” ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိ ကရင်ပြည်နယ်တွင် သစ်တောဧရိယာ စုစုပေါင်း ၂၄ သိန်းကျော်ရှိကြောင်းသိရပြီး အများစုမှာ တိုင်းရင်း သားလက်နက်ကိုင်ထိန်းချုပ်သည့် နယ်မြေထဲတွင်ရှိသည်ဟု ကရင်ပြည်နယ် သစ်တောဦးစီးဌာန တာဝန်ရှိသူ၏ ပြောပြချက်များအရ သိရသည်။

ကရင်ပြည်နယ်တွင် အကောင်အထည်ဖော်နေသည့် အဆိုပါစီမံကိန်းကို ကမ္ဘာလုံးဆိုင်ရာသဘာဝ ပတ်ဝန်းကျင်ရန်ပုံငွေ အဖွဲ့-WWF၊ မြန်မာ့ပတ်ဝန်းကျင် ထူထောင်ထိန်းသိမ်းရေးကွန်ယက် -MERNနှင့် The Regional Community Forestry Training Center for Asia and the Pacific -RECOFTC အဖွဲ့တို့ ပူးတွဲအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး ဥရောပသမဂ္ဂ၏ ငွေကြေးထောက်ပံ့မှှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်သည်ဟု သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...