ဒုက္ခသည်များအား ဘာဆန်ချာကျွန်းတွင်ထားရန် အသင့်ဖြစ်ပြီဟု ဘင်္ဂလားဒေ့ရှ်ပြော

ဒုက္ခသည်များအား ဘာဆန်ချာကျွန်းတွင်ထားရန် အသင့်ဖြစ်ပြီဟု ဘင်္ဂလားဒေ့ရှ်ပြော
ဘင်္ဂလားဒေ့ရှ်အစိုးရသည် ဘာဆန်ချာတွင် မွတ်ဆလင် ၁၀၀,၀၀၀ အားနေရာချထားရန် ၂၀၁၅ ခုနှစ်တည်းက ပြင်ဆင်နေခြင်း ဖြစ်သည်။ (ဓာတ်ပုံ - AP)
ဘင်္ဂလားဒေ့ရှ်အစိုးရသည် ဘာဆန်ချာတွင် မွတ်ဆလင် ၁၀၀,၀၀၀ အားနေရာချထားရန် ၂၀၁၅ ခုနှစ်တည်းက ပြင်ဆင်နေခြင်း ဖြစ်သည်။ (ဓာတ်ပုံ - AP)

မွတ်ဆလင်ဒုက္ခသည်များ နေထိုင်ရန် အဆောက်အအုံများ ဆောက်လုပ်လျက်ရှိသည့် ဘာဆန်ချာ (Bhasan Char) ကျွန်းတွင် ဒုက္ခသည် ၁၀၀,၀၀၀ နေထိုင်ရန် အသင့်ဖြစ်ပြီဟု ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ဇန်နဝါရီ ၁၆ ရက်တွင် ပြောကြားလိုက်သည်။

ဒုက္ခသည်များအား ရွှေ့ပြောင်းမည့်ရက်ကိုမူ အတိအကျ မပြောသွားပေ။

ရေကြီးမှုကို ကာကွယ်ရန်အတွက် ရေကာတာများ၊ အိမ်ခြေများ၊ ဆေးရုံများနှင့် ဗလီများပါ ဆောက်ထားပြီဟု အာဏာပိုင်များက ဆိုသည်။

“ဘာဆန်ချာမှာ နေလို့ရပါပြီ။ အကုန် အသင့်လုပ်ပေးထားပြီ။” ဟု ဒုက္ခသည်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးကော်မရှင်နာ မာဘက်-အလမ်-တာလက်ဒါ က အေပီသတင်းဌာနသို့ ပြောကြားသည်။

၂၀၁၇ ခုနှစ် သြဂုတ်လ နောက်ပိုင်းတွင် မြန်မာနိုင်ငံမှ ထွက်ပြေးလာသော မွတ်ဆလင် ၇၀၀,၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်သို့ ထပ်မံရောက်ရှိလာခဲ့သည်။

လက်ရှိအချိန်တွင် ဒုက္ခသည်များအား ကော့စ်ဘဇား (Cox’s Bazar) အနီးရှိစခန်းများတွင် ထိန်းသိမ်းထားသည်။ အဆိုပါစခန်းများတွင် ဒုက္ခသည်များဖြင့် ပြည့်ကျပ်လျက်ရှိပြီး ညစ်ပတ်ပေရေကာ ရောဂါများ၊ မှုခင်းများလည်း ပေါ်ပေါက်လျက်ရှိသည်။ ပညာသင်ယူခွင့် ကန့်သတ်ထားပြီး အလုပ်လုပ်ခွင့်လည်း မရှိပေ။

ဘင်္ဂလားဒေ့ရှ်အစိုးရသည် ဘာဆန်ချာတွင် မွတ်ဆလင် ၁၀၀,၀၀၀ အားနေရာချထားရန် ပြင်ဆင်နေသည်မှာ ၂၀၁၅ ခုနှစ်တည်းကဖြစ်သည်။



ဘင်္ဂလားဒေ့ရှ်အစိုးရသည် ဘာဆန်ချာတွင် မွတ်ဆလင် ၁၀၀,၀၀၀ အားနေရာချထားရန် ၂၀၁၅ ခုနှစ်တည်းက ပြင်ဆင်နေခြင်း ဖြစ်သည်။ (ဓာတ်ပုံ - AP)

“ကုန်စုံဆိုင် ၁၀ ဆိုင်လောက်နဲ့ လမ်းဘေးလက်ဖက်ရည်ဆိုင်တွေရှိတဲ့ စျေးတစ်စျေးတော့မြင်ခဲ့တယ်။ လူတချို့ ငါးနဲ့အသီးအရွက်တွေ ရောင်းနေကြတာတွေ့တယ်။” ဟု မကြာသေးခင်ကမှ ထိုကျွန်းသို့သွားရောက်ခဲ့သည့် ဘင်္ဂလားဒေ့ရှ် သတင်းထောက်တစ်ဦးက ပြောကြားကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။

“ဆိုလာစွမ်းအင်စနစ်တွေ ရေပိုက်လိုင်းတွေနဲ့ အကုန် ပြင်ဆင်ထားတာတွေ့တယ်” သူက ပြောသည်။

နိုင်ငံတကာ သတင်းမီဒီယာများအား ဘာဆန်ချာကျွန်းသို့ သွားရောက်သတင်းယူခွင့် မပြုပေ။

ဘာဆန်ချာကျွန်းသည် ဘင်္ဂလားပင်လယ်အော်တွင် တည်ရှိပြီး ဘင်္ဂလားဒေ့ရှ်ကမ်းခြေနှင့် ၃၇ မိုင်ကွာဝေးသည်။ ၎င်းကျွန်း ပေါ်လာသည်မှာ နှစ် ၂၀ ခန့်သာ ရှိသေးပြီး လူနေထိုင်ခြင်း မရှိသည့်အပြင် မိုးရာသီကာလရောက်တိုင်း ရေလွှမ်းမိုးလေ့ရှိသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...