တရုတ်သမ္မတရောက်လာစဉ် မြန်မာအစိုးရတပ်မှ ကိုးကန့်စခန်းကို တိုက်ခိုက်

တရုတ်သမ္မတရောက်လာစဉ် မြန်မာအစိုးရတပ်မှ ကိုးကန့်စခန်းကို တိုက်ခိုက်
တရုတ်သမ္မတ ရှီကျင့်ဖျင် ရောက်လာစဉ် မြန်မာအစိုးရတပ် ကိုးကန့်စခန်းကိုတိုက္ခိုက် ဇန္နဝါရီ ၁၇၊ ၂၀၂၀
တရုတ်သမ္မတ ရှီကျင့်ဖျင် ရောက်လာစဉ် မြန်မာအစိုးရတပ် ကိုးကန့်စခန်းကိုတိုက္ခိုက် ဇန္နဝါရီ ၁၇၊ ၂၀၂၀

တရုတ်သမ္မတ Mr. Xi Jinping သည် မြန်မာနိုင်ငံ ချစ်ကြည်ရေးခရီးရောက်လာစဉ် တပ်မတော်က ရှမ်းပြည်မြောက်ပိုင်း မြန်မာ-တရုတ် နယ်စပ်အနီး ကိုးကန့် MNDAA စခန်းတစ်ခုကို ရည်ရွယ်ချက်ရှိရှိ အလစ် ဝင်တိုက်ခဲ့ကြောင်း ဒေသခံများဆိုပါသည်။

 

ဇန်နဝါရီ (၁၇)၊ သောကြာနေ့ နံနက်မိုးမလင်းခင် (၆)နာရီဝန်းကျင်ခန့် အဆိုပါ မူဆယ်မြို့နယ် Hpawng Seng ဒေသ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA စခန်းကို ခိုးဝင်ပြီး တပ်မ (၆၆)လက်အောက် ခမရ (၃၆၄)၏ တိုက်ခိုက်မှုသည် အချိန် မိနစ် (၂၀)ခန့်ကြာပြီး ကိုးကန့် စစ်သား ၁ဦး ကျဆုံးကြောင်း ဒေသခံများ ကချင်သတင်းဌာန KNG ကို ပြောပါသည်။

 

“ဒီနေ့မနက် ၆နာရီခန့်မှာ ဖောင်းဆိုင် ကိုးကန့်တွေရှိတဲ့ Puwang ကုန်းမှာ မြန်မာအစိုးရတပ်တွေ လာပစ်တော့ တစ်ဦးကျသွားတယ်လို့ ကြားရတယ်။ သမ္မတရှီကျင့်ဖျင် မြန်မာနိုင်ငံလာမယ်ဆိုတော့ သေနတ် မပစ်ဖောက်နဲ့ ဆိုထားစဉ် အချိန် လေးနာရီခန့် ကားနဲ့သွားရတဲ့ နေရာမှ မြန်မာစစ်တပ်တွေ ကား ၁စီးနဲ့ ညမှာ ခိုးဝင်လာပြီးတော့ မနက်စောစော လာပစ်ကာ ပြန်ခေါက်သွားတာ ဖြစ်ပါတယ်” ဟု ဖောင်းဆိုင် ဒေသခံ တစ်ဦး ကချင်သတင်းဌာန KNG ပြောပါတယ်။

ခြေမြန်တပ်ရင်း (၃၆၄) တပ်သည် Luyin Htang ကနေ ကား ၁စီးဖြင့် အချိန် ၄နာရီကျော် မောင်းရသော တရုတ်နယ်စပ်အနီး အဆိုပါ MNDAA စစ်သား (၁၀)ဦးကျော်ရှိသည့် စခန်းကို ကြာသပတေးနေ့ည ခိုးဝင်ပြီး အလစ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

ယခုလို နယ်စပ်အနီး ကိုးကန့်စခန်းကို လာပစ်ခတ်ပြီး ပြန်သွားခြင်းသည် “မြန်မာစစ်တပ်က စနစ်တကျနဲ့ ရည်ရွယ်ချက်ရှိရှိဖြင့် စီစဉ်လုပ်ဆောင်တယ်လို့ မြင်ပါတယ်” ဟု နယ်စပ်မှ စစ်ရေးလေ့လာသူ တစ်ဦးပြောပါသည်။

တရုတ်သမ္မတ  Xi Jinping သည် သောကြာနေ့ မြန်မာနိုင်ငံကို ရောက်ရှိလာပြီ ဖြစ်ပြီး စနေနေ့ အထိ ခရီးပြုရန် စီစဉ်ထားပါသည်။

August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...