မောတောင် အမှတ်-၉ ကျေးရွာတွင် လက်နက်များ KNU က သိမ်းဆည်းရမိ

မောတောင် အမှတ်-၉ ကျေးရွာတွင် လက်နက်များ KNU က သိမ်းဆည်းရမိ

မြန်မာ- ထိုင်းနယ်စပ် မောတောင်မြို့ သိန်ခွန်းကျေးရွာအုပ်စုအမှတ် - ၉ ကျေးရွာနှင့်သဲဖြူကျေးရွာအကြား တနင်္သာရီ- မောတောင်ကားလမ်းပေါ်ရှိ ဖောင်ဆိပ်ချောင်းအနီးတွင် ဇန်နဝါရီ ၁၂ရက်နေ့က လက်နက်များကိုဖမ်းဆီးရမိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ထုတ်ပြန်ချက်အရ သိရသည်။

KNU ၏ တနင်္သာရီမြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် ရဲအဖွဲ့မှ ပဒိုစောထူးနေ ဦးဆောင်သည့် အဖွဲ့ဝင် (၇) ဦးမှ သတင်းအရ သွားရောက်ဖမ်းဆီးခဲ့ခြင်းဟု ဆိုသည်။

ပဒိုစောထူးနေက“လက်နက်တွေတွေ့ရှိပါတယ်၊ရွာသားတွေသတင်းပေးလို့ကျွန်တော်တို့ KNU အဖွဲ့က တာဝန်ရှိသူတွေ ဝင်ရောက်ဖမ်းဆီးတာပါ၊ လူကတော့ထွက်ပြေးသွားပါတယ်၊ မမိပါဘူး၊ မူးယစ်ဆေးဝါးနှင့် သေနတ်သုံးလက်နဲ့ကျည်တောင့်တွေကို သိမ်းဆည်းရမိခဲ့တယ်”ဟုပြောဆိုသည်။

AK-47 (ခေါက်ဒင်) တစ်လက်၊ ကျည်ဘောက်အတိုတစ်ခု ကျည်ဘောက်ထဲတွင် ကျည်ဖြည့်ထားပြီး၊ သီးခြားကျည်လေးတောင့်နှင့်အတူ တူးမီး (ယမ်းထောင်း) သေနတ်နှစ် လက်၊ နက်ပြာရာင်ဖန်ဗူးငယ်ဖြင့်ထည့်ထားသည့် ICE မူးယစ်ဆေးဝါးအနည်းငယ်ကို KNU၏ တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးအဖွဲ့မှ သိမ်းဆည်းထားသည်ဟု ဆိုသည်။

စွပ်စွဲခံရသောထွက်ပြေးလွတ်မြောက်သွားသူမှာ အသက် ၃၀ အရွယ် ကိုဖိုးလတ်ဖြစ်ကြောင်းနှင့် ရဲစခန်းမှတ်တမ်းများအရသူသည် ယခင်က မူးယစ်ဆေးဝါးအမှုဖြင့် ပြစ်ဒဏ်ကျခံဖူးသူ တစ်ဦးဖြစ်ကြောင်း တွေ့ရှိရသည်။

“မူးယစ်ဆေးဝါးနှင့်သေနတ်တွေဖမ်းဆီးရမိတယ်ဆိုတာကြားပါတယ်၊အဲ့ဒါက KNU ကဖမ်းဆီးတာ ဖြစ်လို့ ကျွန်တော်တို့ရဲစခန်းကို လာအပ်တာမျိုးတော့ မရှိပါဘူး”လို့ မောတောင်မြို့၊ရဲစခန်းရုံးမှ တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...
May 18, 2026
ပါခွီး — ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် စစ်ကြောင်းကို စနိုက်ဘာဖြင့်...
May 16, 2026
မကွေးတိုင်းထဲက နတ်မောက်မြို့နယ်နှင့် မန္တလေးတိုင်းထဲက ရမည်းသင်းမြို့နယ်တို့ ထိစပ်နေသည့်...