ကရင်ပြည်နယ်၏ ပထမဆုံးသောကုသိုလ်ဖြစ် မြန်မာ့ရိုးရာမုန့်ပွဲတော် ဖားအံတွင် ပြုလုပ်မည်

ကရင်ပြည်နယ်၏ ပထမဆုံးသောကုသိုလ်ဖြစ် မြန်မာ့ရိုးရာမုန့်ပွဲတော် ဖားအံတွင် ပြုလုပ်မည်

ကရင်နှင့် မြန်မာ့ရိုးရာမုန့်ပဲသွားရည်စာများ စုံလင်စွာ ရောင်းချမည့် ကုသိုလ်ဖြစ်မြန်မာ့ရိုးရာမုန့်ပွဲတော်ကို ဇန်နဝါရီ ၁၈ ရက်မှ ၁၉ ရက်နေ့အထိ ဖားအံမြို့ ကမ်းနားလမ်းညစျေးတန်းတွင် ၂ ရက်တာ ကျင်းပပြုလုပ်သွား မည်ဟု သိရသည်။

ကရင်ပြည်နယ်တွင် ပထမဆုံးအကြိမ် စတင်ကျင်းပမည့် အဆိုပါမုန့်ပွဲတော်ကို အဓိကအားဖြင့် တိမ်ကော ပျောက်ကွယ်စပြု လာနေသည့် မြန်မာ့ရိုးရာမုန့်မျိုးစုံများအား ပြန်လည်ဖော်ထုတ်ထိန်းသိမ်းသည့် ရည်ရွယ် ချက်များဖြင့် ဖားအံ ဒေသခံ လူငယ်များစုပေါင်းပြီး ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

မုန့်ပွဲတော်ဦးဆောင်ကျင်းပသူတစ်ဦးဖြစ်သည့် ကိုစိုးမင်းညွန့်က “ မြန်မာ့ရိုးရာမုန့်တွေဟာ အခုဆို တဖြည်း ဖြည်း တိမ်ကောပျောက်ကွယ်စပြုလာပြီ။ ကလေးတွေ မမြင်ဘူး၊ မစားဘူးတဲ့မုန့်တွေရှိလာပြီ။ အဲဒီတော့ရိုး ရာမုန့်လေးတွေကိုပြန်ပြီး ထိတွေ့မှုရှိလာအောင်၊ ရိုးရာမုန့်တွေအနေနဲ့ အန္တရာယ်ကင်း၊ အရသာရှိ အာဟာ ရပြည့်၊ ဓာတုဆေးဝါးကင်းစတဲ့ ကလေးတွေအတွက် ကျန်းမာရေးရှုထောင့်က သင့်လျော်တဲ့အတွက် ဒါကိုပြန်ဖော် ထုတ်ချင်တဲ့ရည်ရွယ်ချက်နဲ့ကျင်းပတာဖြစ်ပါတယ်” ဟုပြောသည်။

ထို့အပြင် ယခုကဲ့သို့ ရိုးရာမုန့်ပွဲတော်ကျင်းပမှုများမှတဆင့် ပြည်တွင်း၊ ပြည်ပခရီးသွားအတွက် ရိုးရာမုန့်များ အ ပေါ် စိတ်ဝင်စားမှုပိုမိုရရှိလာစေပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်များစွာ အထောက်အကူပြု လာနိုင်မည်ဖြစ်ကြောင်းလည်း ကိုစိုးမင်းညွန့်က ဆက်ပြောသည်။

မကြာမီ ကျင်းပမည့် အဆိုပါ ကုသိုလ်ဖြစ်မုန့်ပွဲတော်တွင် ကရင်၊ မွန်၊ ပအိုဝ်းနှင့်အခြားမြန်မာ့ရိုးရာ မုန့်မျိုးစုံ ၆၀ နီးပါးကို ကိုယ်တိုင်ပါဝင်ရောင်းချနိုင်သလို ကိုယ်တိုင်မရောင်းချနိုင်သူများအနေဖြင့် မိမိတို့လှူဒါန်းရောင်း ချလို သည့် မုန့်များကို အလှူငွေထည့်ဝင်ခြင်းဖြင့် ပါဝင်ကူညီနိုင်ကြောင်းလည်း ပွဲတော်ကျင်းပရေး ကော်မတီ ထံမှသိရသည်။

မုန့်ပွဲတော်ကို ဇန်နဝါရီလ ၁၈ ရက်နှင့် ၁၉ ရက်နေ့ ညနေ ၅ နာရီမှ ၁၀ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး မုန့်ပွဲတော်မှ ရရှိလာသည့် အကျိုးအမြတ်အားလုံးကို လိုအပ်သည့် လူမှုရေးလုပ်ငန်းများတွင် ထည့်ဝင်လှူ ဒါန်းသွားမည်ဖြစ်သည်ဟု သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...