စစ်ဘေးရှောင်(၃၀၀၀)ကျော်ခိုလှုံနေသည့် မြောက်ဦးစစ်ဘေးရှောင်စခန်းတွင် ရေပြတ်လပ်နေ

စစ်ဘေးရှောင်(၃၀၀၀)ကျော်ခိုလှုံနေသည့် မြောက်ဦးစစ်ဘေးရှောင်စခန်းတွင် ရေပြတ်လပ်နေ
လက်ရှိမှာ မသန့်ရှင်းသည့်ရေကို သောက်သုံးနေရသည့်အတွက် စစ်ဘေးရှောင်များမှာ ဝမ်းပျက်၊ ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေသည်။ (ဓာတ်ပုံ - Facebook)
လက်ရှိမှာ မသန့်ရှင်းသည့်ရေကို သောက်သုံးနေရသည့်အတွက် စစ်ဘေးရှောင်များမှာ ဝမ်းပျက်၊ ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေသည်။ (ဓာတ်ပုံ - Facebook)

ဝင်းညွန့် — စစ်ဘေးရှောင် (၃၁၇၀) ဦးခိုလှုံနေသည့် မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် သောက်ရေ၊ သုံးရေ ပြတ်လပ်သွားသောကြောင့် စစ်ဘေးရှောင်များ ရေအခက်အခဲရှိနေသည်ဟု စခန်းတာဝန်ခံ ဦးဝေလှအောင်က DMG ကို ပြောသည်။

ယခင်က စစ်ဘေးရှောင်စခန်းအနီးတွင်ရှိသော ရေကန်မှ သောက်ရေ၊သုံးရေရရှိသော်လည်း ယင်းရေကန်မှာ လွန်ခဲ့သည့် လပိုင်းခန့်က ခမ်းခြောက်သွားသည်။ ထို့ကြောင့် ရထားလမ်းဖောက်လုပ်ခဲ့သည့် မြောင်းများမှ မသန့်ရှင်းသည့်ရေကို အသုံးပြုနေရသည်ဟု ၎င်းကဆက်လက်ပြောသည်။

“ စစ်ဘေးရှောင်စခန်းထဲမှာရှိတဲ့ ရေကန်ခမ်းသွားတော့ စစ်ဘေးရှောင်တွေမှာ သောက်ရေ၊ သုံးရေတွေ တော်တော်အခက်ခဲရှိနေတယ်။ ရေပြတ်သွားတာတော့ လခွဲလောက်ရှိနေပြီ။ အခုဆိုရင် ရထားလမ်းလုပ်ဖို့အတွက် တူးထားတဲ့မြောင်းက မသန့်ရှင်းတဲ့ရေတွေကိုပဲ သောက်သုံးနေကြရတယ်”ဟု ဦးဝေလှအောင်က ဆိုသည်။

ထိုသို့ မသန့်ရှင်းသည့်ရေကို သောက်သုံးနေရသည့်အတွက် စစ်ဘေးရှောင်များမှာ ဝမ်းပျက်၊ ဝမ်းလျှော ရောဂါများ ဖြစ်နေသဖြင့် ဆေးကုသမှုခံယူနေရသည်။

“တိမ်ညိုတိုက်နယ်ဆေးရုံးနဲ့လည်း နီးတော့ အခုလောလောဆယ်တော့ အဲဒီတိုက်နယ်ဆေးရုံမှာပဲ သွားပြကြတယ်။ ဆေးရုံးမှာလည်း သိပ်ဆေးဝါးမလုံလောက်တော့ အခက်ခဲတော့ရှိတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် သောက်ရေ၊သုံးရေရရှိရန်အတွက် ပြည်နယ်အစိုးရနှင့် နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC) ထံ တင်ပြထားသည်ဟု အဆိုပါ စစ်ဘေးရှောင်စခန်းမှ သိရသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တိုက်ပွဲကြောင့် စစ်ဘေးရှောင် (၁)သိန်းကျော်အထိရှိလာကာ စားဝတ်နေရေး၊ ပညာရေး စသည့်အခက်အခဲများဖြစ်ပေါ်နေသည်။

မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...