တပ်ရိက္ခာ ပို့ဆောင်မှုကိစ္စနှင့်ပတ်သက်၍ KNLA နှင့် တပ်မတော်တို့ ကျောက်ကြီးတွင် ထပ်မံတွေ့ဆုံ

တပ်ရိက္ခာ ပို့ဆောင်မှုကိစ္စနှင့်ပတ်သက်၍ KNLA နှင့် တပ်မတော်တို့ ကျောက်ကြီးတွင် ထပ်မံတွေ့ဆုံ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)မှ ဗိုလ်မှူးချုပ် စောတာမလာသော ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တပ်မတော် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်(တပခ) တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့သည် ယနေ့ (ဇန်နဝါရီ ၁၀ရက်) ကျောက်ကြီးမြို့ရှိ ကေအဲန်ယူ ဆက်ဆံရေးရုံး၌ ထပ်မံ တွေ့ဆုံခဲ့ကြသည်။

အဆိုပါတွေ့ဆုံမှုမှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်နေ့က ဆွေးနွေးခဲ့ကြသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်-NCAကို အခြေခံသော လမ်းဖောက်လုပ်မှုကိစ္စ နှင့် တပ်မတော်၏ တပ်ရိက္ခာ ပို့ဆောင်မှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြမည်ဟု KNLA၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

၎င်းအပြင် ယမန်နေ့က ပြုလုပ်သည့် ပဲခူးတိုင်းအရှေ့ဘက် ကျောက်ကြီးမြို့နယ်ရှိ ဒေသခံ ပြည်သူများ၏ ငြိမ်းချမ်းလုပ်ငန်းစဉ်အပေါ် ဆန္ဒထုတ်ဖော်တောင်းဆိုမှုကိစ္စနှင့်

ကျောက်ကြီးမြို့နယ်ရှိ စောမီးလူကျေးရွာတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ၂၁ ရက်နေ့က အစိုးရ တပ်မတော်က ဒေသခံရွာသားများထံမှ တားမြစ်သိမ်းဆည်းထားသည့် ဆန်အိတ်ပေါင်း ၁၅၀ အိတ်ကိစ္စရပ်ကိုလည်း ဆွေးနွေးရန်ရှိသည်ဟု KNU ကျောက်ကြီးမြို့နယ် ဆက်ဆံရေးရုံးမှ အရာရှိတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ တွေ့ဆုံမှုတွင် KNLAမှ ဗိုလ်မှူးချုပ် စောတာမလာသော ဦးဆောင်သည့် ကိုယ်စားလှယ် ၁၁ဦးနှင့် တပ်မတော်ဘက်မှ တပခ တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်း ဦးဆောင်သည့် အဖွဲ့ဝင် ၇ဦး တက်ရောက်ဆွေးနွေးခဲ့ကြသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...