မြောက်ဦးတွင် လက်နက်ကြီးကျရောက်မူကြောင့် ကျေးရွာသား ၄ ဦးဒဏ်ရာရ

မြောက်ဦးတွင် လက်နက်ကြီးကျရောက်မူကြောင့် ကျေးရွာသား ၄ ဦးဒဏ်ရာရ

ဝင်းညွန့် — ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာတွင် ဇန်နဝါရီလ ၉ ရက်နေ့၊ ညနေ ၃ နာရီကျော်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမူကြောင့် ကျေးရွာသား ၄ ဦး ဒဏ်ရာရရှိသွားသည်။

ဒဏ်ရာရရှိသူများမှာ ဦးအောင်သိန်းထွန်း(၄၃ နှစ်)၊ မောင်ညီညီလင်း(၁၄ နှစ် )၊ မောင်သန်းဇော်ဦး(၁၁ နှစ် ) နှင့် မမြတ်သန္တာ(၁) နှစ်ကျော်တို့ဖြစ်သည်။ ရွာတစ်ဖက်ကမ်းတွင်ရှိသော တပ်မတော်စစ်ကြောင်းတစ်ခုက ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ကြောင့် ဒဏ်ရာရရှိသွားခြင်းဟု မမြတ်သန္တာ၏ မိခင်ဒေါ်ဝင်းကြည်က စွပ်စွဲပြောဆိုသည်။

“မနေ့က ၃ နာရီကျော်မှာ စစ်ကြောင်းတစ်ခုက ကျမတို့ရွာမြစ်တဖက်ကမ်းက လက်နက်ကြီးတွေပစ်လို့ ကျမတို့အိမ်ရှေ့က မကျည်းပင်နားမှာကျပြီး ကျလာတာပါ။ အဲဒီစစ်သားတွေ ဘယ်ကလာတာလဲဆိုတာ ကျမ မသိဘူး။ ကျမသမီးမှာ ခြေသလုံးမှာ ဒဏ်ရာရသွားတယ်။ အခုမြောက်ဦးဆေးရုံမှာပါ” ဟု ၎င်းကဆိုသည်။

ယင်းနေ့က ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တပ်မတော်စစ်ကြောင်းက ပစ်ခတ်သည့်ကျည်ကြောင့် ဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု ကျေးရွာတာဝန်ခံ ဦးခိုင်ထွန်းစိန်နှင့် မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို DMG က အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...