မဲဆောက်-မြဝတီနယ်စပ်ဂိတ်မှတစ်လကျော်အတွင်းတရားမဝင်မြန်မာလုပ်သား ၈,၀၀၀ကျော် ပြန်လည်လွှဲပြောင်းခဲ့

မဲဆောက်-မြဝတီနယ်စပ်ဂိတ်မှတစ်လကျော်အတွင်းတရားမဝင်မြန်မာလုပ်သား ၈,၀၀၀ကျော် ပြန်လည်လွှဲပြောင်းခဲ့

နေနော် — ထိုင်း-မြန်မာနယ်စပ် မဲဆောက်- မြဝတီဝင်ပေါက်မှ တဆင့် တစ်လကျော်အတွင်းထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် တရားမဝင်မြန်မာလုပ်သား ၈,၅၀၀ကျော်ကို မြန်မာဘက်ခြမ်းသို့ ပြန်လည်လွှဲပြောင်းပို့ဆောင်ခဲ့သည်ဟုသိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ဒီဇင်ဘာလ မှ ၂၀၂၀ ဇန်နဝါရီလ ၈ ရက်နေ့ထိရက်ပေါင်း ၃၉ ရက်အတွင်းထိုင်းနိုင်ငံသို့ တရားမဝင်ရောက်ရှိသည့် မြန်မာလုပ်သား ၈, ၅ဝဝ ကျော်ကိုမဲဆောက်-မြဝတီအလုပ်သမားဆက်ဆံရေးရုံးမှ တစ်ဆင့် မြန်မာပြည်ဘက်ခြမ်းသို့ ပြန်လည်လွှဲပြောင်းခဲ့ခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအရာရှိ ဦးဝေလင်းမောင်က ဇန်နဝါရီ ၈ရက်နေ့က ယခုလိုပြောသည်။

“တခြားဂိတ်တွေကလည်းလွှဲပြောင်းပေးတာရှိတယ်။ စာရင်းမချုပ်ရသေးဘူး။ ဒါကမဲဆောက် ဂိတ်တစ်ခုတည်းကစာရင်းပါ။ ကျန်ဂိတ်တွေက ဖမ်းမိတာ နည်းတယ်။လွှဲပေးတာ နည်းတယ်။ မြဝတီဂိတ်ကတော့ မဲဆောက်နဲ့ပိုနီးတော့ အဲဒီဘက်က မြန်မာတော်တော်များများ ထိုင်းဘက်တရားမဝင် ရောက်လာတာအများဆုံးပေါ့” ဟု ၎င်းက ဆိုသည်။

ထို့အပြင် ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလတစ်လတည်းတွင်ထိုင်းနိုင်ငံထဲသို့ တရားမဝင်ရောက်ရှိလာသည့် မြန်မာလုပ်သမား ၇,၅ဝဝကျော်ရှိပြီး ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလ ၁ရက် မှ ၈ ရက်နေ့အထိတွင် တရားမဝင် မြန်မာအလုပ်သမား ၁,ဝဝဝ ကျော်ကို မဲဆောက်- မြဝတီမြို့ရှိအလုပ်သမားဆက်ဆံရေးရုံးသို့ လွှဲပြောင်းပေးခဲ့ရသည်ဟု သံအရာရှိ ဦးဝေလင်းမောင်ကဆိုသည်။

ထိုင်း-မြန်မာနယ်စပ်တွင် ဖွင့်လှစ်ထားသည့်အလုပ်သမားဆက်ဆံရေးရုံးများဖြစ်သောမဲဆောက်၊ချင်းမိုင်၊တာချီလိတ်စခန်းသုံးခုတွင် ထိုင်းနိုင်ငံနယ်စပ်ဖြတ်ကျော်ခွင့် သက်တမ်းလွန်ခြင်းနှင့် အထောက်အထားမဲ့နေထိုင်သူများကို မြန်မာနိုင်ငံဘက်သို့ ပြန်လွှဲပြောင်းပေးလျက်ရှိသည်။

ထိုင်းနိုင်ငံတွင် ဗီဇာသက်တမ်းကုန်သူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိသူများမှာထိုင်းလဝကဥပဒေဖြင့် အရေးယူခံရမည် ဖြစ်ပြီးနှစ်နိုင်ငံအစိုးရညှိနှိုင်းမှုအရဖမ်းဆီးရမိသည့် မြန်မာအလုပ်သမားများကိုအရေးယူမှု မပြုလုပ်ရန်နှင့် မြန်မာသံရုံးမှ ချိတ်ဆက်၍ ပြန်လည်လွှဲပြောင်းပေးရန် ညှိနှိုင်းထားမှုများရှိသည်ဟုသိရသည်။

ထို့အတူ ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်တွင်လည်း မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ်ဂိတ်များဖြစ်သောချင်းမိုင်မြို့-တာချီလိတ်မြို့၊ မဲဆောက်မြို့-မြဝတီမြို့နှင့် ရနောင်းမြို့-ကော့သောင်းမြို့တို့မှတစ်ဆင့် စုစုပေါင်း မြန်မာလုပ်သား ၇၄,၇၃၁ဦးလွှဲပြောင်းခဲ့ပြီးထိုအထဲတွင် အမျိုးသား ၅၅,၃၄၁ ဦး၊ အမျိုးသမီး ၁၉,၃၉ဝ ဦးပါဝင်သည်ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှတ်တမ်းတွင် ဖော်ပြထားသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၌ မြန်မာရွှေ့ပြောင်းလုပ်သား ၅သန်းနီးပါး လုပ်ကိုင်လျက်ရှိရာထိုအထဲတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သားခုနစ်သောင်းခွဲကျော်ရှိသည်ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှတ်တမ်းအရ သိရသည်။

<><><>

Photo: Nay Naw

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...