ရခိုင်အစိုးရညွှန်ကြားချက်ကြောင့် စားနပ်ရိက္ခာဖူလုံရေးဆောင်ရွက်နေသည့် တက်လမ်းစီမံချက်ရပ်ဆိုင်း

ရခိုင်အစိုးရညွှန်ကြားချက်ကြောင့် စားနပ်ရိက္ခာဖူလုံရေးဆောင်ရွက်နေသည့် တက်လမ်းစီမံချက်ရပ်ဆိုင်း

မြတ်ဝင်းကျော် — ရခိုင်ပြည်နယ်တွင် (၅) နှစ်ကျော်ကြာ စားနပ်ရိက္ခာဖူလုံရေးနှင့် အသက်မွေးဝမ်းကျောင်း အကူအညီများပေးနေသည့် အပြည်ပြည်ဆိုင်ရာကူညီရေးအဖွဲ့(IRC) ၏ တက်လမ်းစီမံချက်ကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း ဇန်နဝါရီ ၇ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

IRC သည် ရခိုင်ပြည်နယ်ရှိ မင်းပြား နှင့် မြေပုံ မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၀၂ ရွာတွင် နေထိုင်ကြသည့် လူဦးရေ ၅၆၀၀၀ ကျော် အား စားနပ်ရိက္ခာဖူးလုံရေးနှင့် အသက်မွေးဝမ်းကျောင်း အကူအညီများကို တက်လမ်းစီမံချက်ဖြင့် ပေးနေခြင်းဖြစ်ရာ အဆိုပါ စီမံချက်ကို ဇန်နာဝါရီ ၆ ရက်နေ့မှ စ၍ ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အစိုးရက လုပ်ငန်းများရပ်ဆိုင်းထားရန် ၂၀၁၈ ခုနှစ်က ညွှန်ကြားခဲ့ပြီးနောက် ခရီးသွားလာခွင့်များ မရရှိသဖြင့် စီမံကိန်းကို မူလသတ်မှတ်ထားသည်ထက် တစ်နှစ်စော၍ ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

“စီမံကိန်း ရပ်ဆိုင်းလိုက်တဲ့အတွက် ဒေသခံကျေးရွာလူထုရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မှုအခြေအနေ ပိုမိုလျော့ကျသွားမယ်။ လက်ရှိ ပဋိပက္ခအတွင်း ဒေသခံကျေးရွာလူထုရဲ့ ပြန်လည်ထူထောင်နိုင်မှုကိုလည်း နှေးကွေးသွားစေမယ်” ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယင်းစီမံချက်ရပ်ဆိုင်းရခြင်းမှာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလက ပြည်နယ်အစိုးရထံ ခရီးသွားလာခွင့်လျှောက်ထားစဉ် မှားယွင်းမှုများပါသွားသောကြောင့် စီမံချက်ရပ်ဆိုင်းခြင်းခံလိုက်ရခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်မြင့်ကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းရှိပေ။

မင်းပြား၊ မြေပုံမြို့နယ်များတွင် တက်လမ်းစီမံချက်မှ ရေတံခါး ၂၄ ခု တည်ဆောက်ခြင်း၊ ရေငံတား တာတမံအရှည် ၃၁ မိုင်ခန့် ဆောက်လုပ်ပေးခဲ့ခြင်း၊ ဆားငန်ရေဒဏ်ခံ စပါးမျိုးစေ့နှင့် နည်းပညာကို လယ်သမား ၁၆၅၉၈ ဦးကို ဖြန့်ဝေခဲ့ခြင်း နှင့် ကျေးရွာပေါင်း ၉၇ ရွာတွင် အမျိုးသမီး ၂၅၀၀ ကျော်တို့ကို ငွေကြေးစီမံခန့်ခွဲ့မှုသင်တန်းများ ပေးပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအား ရင်းနှီးလုပ်ကိုင်စေခြင်းတို့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...