ပစ်ခတ်မှုများကြောင့် ယာယီပိတ်ထားရသည့် ကျောက်တော်စိုက်ပျိုးရေးသိပ္ပံကျောင်း ပြန်ဖွင့်တော့မည်

ပစ်ခတ်မှုများကြောင့် ယာယီပိတ်ထားရသည့် ကျောက်တော်စိုက်ပျိုးရေးသိပ္ပံကျောင်း ပြန်ဖွင့်တော့မည်

မြတ်ဆွေ — ပစ်ခတ်မှုများနှင့် လက်နက်ကြီးကျည်ကျရောက်မှုများကြောင့် ယာယီပိတ်ထားရသည့် ရခိုင်ပြည်နယ်၊ ကျောက်တော်စိုက်ပျိုးရေးသိပ္ပံကျောင်းကို လာမည့် ဇန်နဝါရီလ (၁၃)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဟု ကျောင်းအုပ်ဆရာမ ဒေါ်ခင်လေးလွင်က DMG ကို ယနေ့ပြောသည်။

ဒီဇင်ဘာလ (၃၀)ရက်နေ့၊ ညနေပိုင်းက ကျောက်တော်မြို့ထဲတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အဆိုပါကျောင်းကို လက်နက်ကြီးကျည် ကျရောက်ခဲ့ခြင်းဖြစ်ပြီး ကျောင်းခေါင်မိုးများပေါက်ထွက်သွားကာ ဝန်ထမ်းအဆောင်နှင့် အိမ်သာများလည်း အနည်းငယ်ပျက်စီးသွားမှုရှိသဖြင့် ယင်းနေ့မှစတင်ကာ ယာယီ ကျောင်းပိတ်ထားလိုက်ရခြင်းဖြစ်သည်။

ကျောက်တော်စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ကျောင်းဆရာဦးငြိမ်းချမ်းက “ပစ်ခတ်ပေါက်ကွဲမှုဖြစ်တော့ ကျောင်းပိတ်ရက်ဖြစ်တဲ့အတွက် နယ်အသီးသီးကိုပြန်သွားကြတဲ့ ကျောင်းသားတွေမှာလည်း ကျောင်းကိုပြန်တက်ဖို့ မလာရဲတော့ဘူး။ တစ်ချို့ကျောင်းသားတွေကတော့ သူတို့ဒေသတွေမှာ မလုံခြုံတဲ့အတွက် ကျောင်းကိုပြန်လာကြတာရှိတယ်။ အခုနောက်ပိုင်း နည်းနည်းငြိမ်သက်နေလို့ ကျောင်းကို ဇန်နဝါရီလ (၁၃)ရက်နေ့ဖွင့်ဖို့ စီစဉ်ထားပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ကျောင်းအနီးပတ်ဝန်းကျင်တွင် တည်ငြိမ်မှုများရှိနေသော်လည်း ပစ်ခတ်မှုများထပ်မံဖြစ်ပွားလျှင် ကျောင်းပြန်ပိတ်ရမည့်အခြေအနေရှိသည်ဟု ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လေးလွင်က ဆိုသည်။

“လုံခြုံရေးပိုင်းကိုကျတာ့ ကျမတို့ ပြောလို့မရသေးဘူး။ ကျမတို့အနေအထားက သင်ကြားရေးပိုင်းဆိုတော့ လုံခြုံရေးပိုင်းကို ဘယ်သူကမှ တာဝန်မယူနိုင်သေးတဲ့အထိ ကျမတို့က ဘာမှလုပ်ပေးလို့မရဘူး။ ပြန်ဖြစ်လာရင်တော့ ကျောင်းကိုပြန်ပိတ်ရမှာပါပဲ” ဟု ၎င်းကပြောသည်။

အဆိုပါ ကျောင်းတွင် ကျောင်းသား၊ကျောင်းသူ (၄၀၈)ယောက်ရှိပြီး လက်ရှိ ကျောင်းယာယီပိတ်ထားရသဖြင့် သင်ခန်းစာသင်ကြားမှုများ နောက်ကျနေပြီဟုလည်း ဒေါ်ခင်လေးလွင်က ဆက်လက်ဆိုသည်။

ဒီဇင်ဘာလ (၃၀)ရက်နေ့က ကျောက်တော်မြို့ပေါ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အရပ်သား (၂)ဦး ထိခိုက်မှုရှိခဲ့ကာ အဆောက်အဦးတစ်ချို့လည်း ပျက်စီးမှုရှိခဲ့သည်။ ယင်းပစ်ခတ်မှုများမှာ တပ်မတော်ဘက်က ပစ်ခတ်မှုဖြစ်သည်ဟု ဒေသဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်နှင့် ဒေသခံများက ပြောသည်။

သို့သော် တပ်မတော်ဘက်ကမူ ယင်းပြောကြားချက်များကို ငြင်းဆန်ခဲ့ပြီး ရက္ခိုင့်တပ်တော်(AA)ကသာ မိမိတို့တပ်ဖွဲ့ဝင်များကို ပစ်ခတ်ခြင်းဖြစ်ကြောင်းနှင့် မိမိတို့ဘက်က လုံးဝ ပစ်ခတ်မှုမရှိခဲ့ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။ AA ဘက်ကလည်း မိမိတို့နှင့်တိုက်ပွဲဖြစ်ပွားခြင်း မရှိကြောင်းနှင့် မိမိတို့ပစ်ခတ်မှုမရှိခဲ့ကြောင်း တုန့်ပြန်ပြောဆိုထားသည်။

မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...