JICM ကို ထောင့်စေ့အောင် ပြင်ဆင်ရန် လိုအပ်ဟု ဗိုလ်ချုပ်ကြီး ယွက်စစ် ပြောဆို

JICM ကို ထောင့်စေ့အောင် ပြင်ဆင်ရန် လိုအပ်ဟု ဗိုလ်ချုပ်ကြီး ယွက်စစ် ပြောဆို

မနက်ဖန်တွင် ကျင်းပမည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းရေး အစည်းအဝေး (JICM) ကို ထောင့်စေ့အောင် ပြင်ဆင်ရန် လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောဆိုလိုသည်။

အဆိုပါ ပြောဆိုမှုသည် ယနေ့ နေပြည်တော်ရှိ Horizon Lake View Hotel တွင် ပြုလုပ်သည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ( PPST) အစည်းအဝေးတွင် ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ မနက်ဖန်မှ ကျင်းပပြုလုပ်မယ့် JICM အစည်းအဝေးအတွက် မိမိတို့ ဖက်ကနေ ထောင့်စေ့အောင် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ လက်ရှိ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စစ်ရေး၊ အခြေအနေ အရ JICM အစည်းအဝေးရဲ့ ရလဒ် ကိုတိုင်းရင်းသား ပြည်သူက စိတ်ဝင်တစား စောင်မျှော် နားစွင့်နေပါတယ်” ဟု ဗိုလ်ချုပ်ကြီး ယွက်စစ် က ဆိုသည်။

ထို့ကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေး အတွက် ကောင်းမွန်သည့် ရလဒ် ရှိအောင် ကြိုးပမ်းဆွေးနွေးကြရန်လည်း PPST ယာယီ အဖွဲ့ခေါင်းဆောင် က တိုက်တွန်းလိုက်သည်။

JICM အစည်းအဝေးသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင့်ဆင့် တရားဝင်ပြန်လည် စတင် နိုင်ရန် အရေး ပါသည့် အစည်းအဝေး ဖြစ်သည့် အတွက် နှစ်ဖက် လက်ခံ နိုင်သည့် ဆုံးဖြတ်ချက် များ၊ လုပ်ငန်းစဉ်များ ချမှတ်နိုင်ရန် အတွက် မိမိတို့ ဘက်မှ တာဝန်ရှိကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့သည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...