JICM ကို ထောင့်စေ့အောင် ပြင်ဆင်ရန် လိုအပ်ဟု ဗိုလ်ချုပ်ကြီး ယွက်စစ် ပြောဆို

JICM ကို ထောင့်စေ့အောင် ပြင်ဆင်ရန် လိုအပ်ဟု ဗိုလ်ချုပ်ကြီး ယွက်စစ် ပြောဆို

မနက်ဖန်တွင် ကျင်းပမည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းရေး အစည်းအဝေး (JICM) ကို ထောင့်စေ့အောင် ပြင်ဆင်ရန် လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောဆိုလိုသည်။

အဆိုပါ ပြောဆိုမှုသည် ယနေ့ နေပြည်တော်ရှိ Horizon Lake View Hotel တွင် ပြုလုပ်သည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ( PPST) အစည်းအဝေးတွင် ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ မနက်ဖန်မှ ကျင်းပပြုလုပ်မယ့် JICM အစည်းအဝေးအတွက် မိမိတို့ ဖက်ကနေ ထောင့်စေ့အောင် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ လက်ရှိ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စစ်ရေး၊ အခြေအနေ အရ JICM အစည်းအဝေးရဲ့ ရလဒ် ကိုတိုင်းရင်းသား ပြည်သူက စိတ်ဝင်တစား စောင်မျှော် နားစွင့်နေပါတယ်” ဟု ဗိုလ်ချုပ်ကြီး ယွက်စစ် က ဆိုသည်။

ထို့ကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေး အတွက် ကောင်းမွန်သည့် ရလဒ် ရှိအောင် ကြိုးပမ်းဆွေးနွေးကြရန်လည်း PPST ယာယီ အဖွဲ့ခေါင်းဆောင် က တိုက်တွန်းလိုက်သည်။

JICM အစည်းအဝေးသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင့်ဆင့် တရားဝင်ပြန်လည် စတင် နိုင်ရန် အရေး ပါသည့် အစည်းအဝေး ဖြစ်သည့် အတွက် နှစ်ဖက် လက်ခံ နိုင်သည့် ဆုံးဖြတ်ချက် များ၊ လုပ်ငန်းစဉ်များ ချမှတ်နိုင်ရန် အတွက် မိမိတို့ ဘက်မှ တာဝန်ရှိကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့သည်။

Most read this week

December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...
December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...