၂၀၂၀ ရွေးကောက်ပွဲမှာ ပအိုဝ်းအမျိုးသမီးများကို ပါတီကိုယ်စားပြု ဝင်ပြိုင်ခိုင်းမည်ဟု PNO ပြော

၂၀၂၀ ရွေးကောက်ပွဲမှာ ပအိုဝ်းအမျိုးသမီးများကို ပါတီကိုယ်စားပြု ဝင်ပြိုင်ခိုင်းမည်ဟု PNO ပြော
PNO အတွင်းရေးမှူး ဦးခွန်သိန်းဖေ/ ဓာတ်ပုံ - မောင်းမွူးခံ
PNO အတွင်းရေးမှူး ဦးခွန်သိန်းဖေ/ ဓာတ်ပုံ - မောင်းမွူးခံ

နန်းခမ်းဟေမာန် — လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ(PNO)အနေဖြင့်  ပါတီအတွင်းရှိ အမျိုးသမီးများကို ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်များ အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခိုင်းသွားမည်ဖြစ်ကြောင်း PNO ပါတီဘက်မှ ပြောသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ(PNO)သည် ပြီးခဲ့သည့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများတွင် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ပါဝင်လာရန် အဆင်သင့် မရှိသည့်အတွက်  ပါတီ ကိုယ်စားပြု၍ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခြင်းမရှိခဲ့ကြောင်း၊ လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာတော့ PNO ပါတီ ကိုယ်စားပြုပြီး လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက် အရွေးချယ် ခံနိုင်ရေး လမ်းဖွင့်ကာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း PNO အတွင်းရေးမှူးချုပ် ဦးခွန်သိန်းဖေက ပြောသည်။

“ ပအိုဝ်း အမျိုးသမီး အနေနဲ့ လွှတ်တော်ထဲ ဝင်ရောက်နိုင်ခဲ့မယ်ဆိုရင် နောက်မှာရှိတဲ့ အမျိုးသမီးတွေ ဒေသအကျိုး၊ ရပ်ရွာ အကျိုး၊ လူမျိုး အကျိုးအတွက် လုပ်ဆောင်တဲ့အခါမှာ ပူးပေါင်း ပါဝင်လာမယ်လို့ မျော်လင့်တယ်၊ အနည်းဆုံး ၂ ဦး သို့ မဟုတ် ၁ ဦး ပါဝင်လာနိုင်ဖို့ လုပ်ထားပါတယ်’’  ဟု ၎င်းက ပြောသည်။

ပအိုဝ်းဒေသရှိ ပအိုဝ်း အမျိုးသမီးများ အနေနှင့် ထုံးတမ်း အစဉ်အလာ ရိုးရာယဉ်ကျေးမှုအရ ဖိနှိပ်ခံရမှုများ ရှိနေကြောင်း ရပ်ရွာရှိ အစည်းအဝေးများ ကျင်းပသည့် အခါများတွင်လည်း အိမ်ထောင်ဦးစီး ဆုံးဖြတ်ချက် သည် သာ အဓိကကျနေပြီး အမျိုးသမီးများသည် နိုင်ငံရေးထဲ ဝင်ရောက်ခြင်း၊ မိမိကိုယ်ကိုယ် ယုံကြည်မှု အားနည်းခြင်း၊ နေရာ ရရှိရန် အခက်အခဲများ ရှိခြင်း စသည်များ ရှိနေပြီး ပအိုဝ်းအမျိုးသမီးများအနေနှင့် လွှတ်တော် တွင်သာမက နိုင်ငံရေးမှာလည်း တက်ကြွစွာ ပါဝင် လာရန် လိုအပ်ကြောင်း ပအိုဝ်းအမျိုးသမီးသမဂ္ဂအဖွဲ့ ဒါရိုက်တာ နန်းဇင်နွယ်က ဆိုသည်။

“ဖိနိပ်မှုတွေကြောင့် နိုင်ငံရေးဆိုတာ ငါတို့နဲ့မဆိုင်ဘူးဆိုပြီး တွေးကြတယ်၊ နေရာရနေတဲ့ အမျိုးသားတွေကလည်း နေရာ ပေးဖို့လိုတယ်။ အမျိုးသမီးတွေ အနေနဲ့ နင်တို့ဆင်း ငါတို့တက်မယ်ဆိုပြီး ပြောဖို့ မလွယ်ဘူးလေ လွှတ် တော်ထဲမှ မဟုတ် ဘူး တခြား ကဏ္ဍတွေမှာလည်း ပအိုဝ်းအမျိုးသမီးတွေ ပါဝင်လာဖို့ လိုအပ်တယ်’’ ဟု ၎င်းက ပြောသည်။

ပအိုဝ်းဒေသတွင် အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ် အနေဖြင့် ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပစဉ် က ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (ပအမဖ) ကိုယ်စားပြု ပအိုဝ်းအမျိုးသမီး  တစ်ဦး ရွေးကောက်ပွဲ ဝင် ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း ယှဉ်ပြိုင်ဘက်ဖြစ်သူ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ အနိုင်ရရှိသွားခြင်းကြောင့် လွှတ် တော်အတွင်း ဝင်ရောက်နိုင်ခြင်းမရှိခဲ့ပေ။

PNO ပါတီ အနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် PNO ပါတီ ကိုယ်စားလှယ်ပြု ဝင်ရောက် ယှဉ်ပြိုင်မည့် အမျိုးသမီး ကိုယ်စားလှယ်လောင်း နှစ်ဦး သို့မဟုတ် တစ်ဦးကို မဖြစ်မနေ ရွေးချယ်ကာ ယှဉ်ပြိုင်ခိုင်းသွား မည်ဖြစ်ကြောင်း PNO အတွင်းရေးမှူးချုပ် ဦးခွန်သိန်းဖေက ပြောသည်။

ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...