ငြိမ်းချမ်းရေးဖြစ်စဉ်တွင် စံပြပြည်နယ်ဖြစ်စေရန် ကရင်လက်နက်ကိုင်များကို အတိုင်ပင်ခံတိုက်တွန်း

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် စံပြပြည်နယ်ဖြစ်စေရန် ကရင်လက်နက်ကိုင်များကို အတိုင်ပင်ခံတိုက်တွန်း
ဓာတ်ပုံ - စိုးသူအောင်
ဓာတ်ပုံ - စိုးသူအောင်

မြန်မာပြည်၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် စံပြပြည်နယ်ဖြစ်စေရေး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် အစိုးရနှင့် ပူးပေါင်းပါဝင်ကြ ရန်  ကရင်လက်နက်ကိုင်များကို တိုက်တွန်းကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာပေးပို့ တိုက်တွန်းခဲ့သည်

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA ၂၅ နှစ်မြောက် ငွေရတုအခမ်းအနားသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပေးပို့သည့် သဝဏ်လွှာတွင် အထက်ပါအတိုင်း တိုက်တွန်းထားခြင်းဖြစ်ပြီး  အဆိုပါ သဝဏ်လွှာကို  ငြိမ်းချမ်း ရေး ကော်မရှင် ဒုဥက္ကဌ ဦးသိန်းဇော် ကဖတ်ကြားခဲ့သည်။

“နိုင်ငံတော်၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ကရင်ပြည်နယ်သည် စံပြအဖြစ်သမိုင်းတွင်အောင် တစ်တပ်တစ်အား ဆက်လက် ပါဝင်ဖြည့်ဆည်းပေးကြပါရန် မှတ်တမ်းပြုအပ်ပါသည်” ဟု သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

ထို့အပြင် DKBA တပ်ဖွဲ့အနေဖြင့် ၂၀၁၅ ခုနှစ် အပစ်ရပ်လက်မှတ်ရေးထိုးပြီးနောက်ပိုင်း အစိုးရနှင့် များစွာပူးပေါင်းဆောင်ရွက်ခဲ့သည်ဟုလည်း အသိအမှတ်ပြုခဲ့သည်။

“ကျွန်တော်တို့ တပ်ဖွဲ့ဟာ ငြိမ်းချမ်းရေးတည်တံ့ခိုင်မြဲဖို့နဲ့  ဒေသတွင်းတည်ငြိမ်ရေး ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုရင် ငြိမ်းချမ်းရေးသည် ပထမ၊ ဒုတိယ၊ တတိယ ဖြစ်တယ်ဆိုတာ အလေးအနက်ပြောကြားလိုပါ တယ်” ဟု DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေးကပြောသည်

ဒီမိုကရေစီအကျိုးပြု ကရင့်တပ် (DKBA) ၏ တည်ထောင်ခြင်း ၂၅ နှစ်ပြည့် ငွေရတု အခမ်းအနားကို DKBA ဌာနချုပ်တည်ရှိရာ ဆုံဆည်းမြိုင်တွင်  ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့က ကျင်းပခဲ့သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...