တရားမဝင်ကုန်များ တင်လာသည့် မြန်မာရေယာဉ်တစ်စင်းကို အိန္ဒိယကမ်းခြေစောင့်တပ် ဖမ်းဆီး

တရားမဝင်ကုန်များ တင်လာသည့် မြန်မာရေယာဉ်တစ်စင်းကို အိန္ဒိယကမ်းခြေစောင့်တပ် ဖမ်းဆီး

တားမြစ်ထားသော ကုန်များ တင်ဆောင်ထားပြီး အမှုထမ်း ခြောက်ဦး လိုက်ပါလာသော မြန်မာ ရေယာဉ်သင်္ဘောတစ်စင်းကို အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

Little Andaman ကျွန်းအနီး တားမြစ် ကုန်စည် ၃၀၀ ကီလိုဂရမ် တင်လာသည့် မြန်မာသင်္ဘောကို အိန္ဒိယက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၂၀ ရက် နေ့လည်ပိုင်းက Little Andaman ကျွန်း၏ အရှေ့ဘက်တွင် ခုတ်မောင်းသွားလာခဲ့သည့် မြန်မာရေယာဉ် ‘CG Dornier’ ကို အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့၏ ‘Aruna Asaf Ali’ သင်္ဘောက တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်သည်။

“ဒီရေယာဉ်က ကျွန်တော်တို့ဘက်က ရေဒီယိုနဲ့ ဆက်သွယ်တာကို အကြောင်းမပြန်ခဲ့ပါဘူး။ ဒါကြောင့် စုံစမ်းစစ်ဆေးဖို့ တားဆီးခဲ့ရပါတယ်။” ဟု အိန္ဒိယ ကမ်းခြေစောင့်တပ်က ထုတ်ပြန်သည်။

အိန္ဒိယ ကမ်းခြေစောင့်တပ်က သတိပေးသည့်အနေဖြင့် လေထဲသို့ သုံးချက် ပစ်ခတ်ခဲ့ပြီးနောက် မြန်မာ ရေယာဉ် ရပ်တန့်ပေးခဲ့သည်ဟု သိရသည်။

ယင်းနောက် အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့က အဆိုပါ ဖမ်းဆီးထားသည့် မြန်မာသင်္ဘောကို ပေါ့ဘလဲ ဆိပ်ကမ်းသို့ လွှဲပြောင်းပို့ဆောင်ပေးထားခဲ့သည်ဟု သိရသည်။

လက်ရှိအချိန်တွင် ကနဦးစုံစမ်းစစ်ဆေးမှု ပြုလုပ်ထားပြီး ဖမ်းဆီးခံ မြန်မာရေယာဉ်ပေါ်ပါ ပစ္စည်းများသည် တားမြစ် မူးယစ်ဆေးများ ဖြစ်ဖွယ် ရှိသည်ဟု သိရသည်။

May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...
May 18, 2026
ပါခွီး — ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် စစ်ကြောင်းကို စနိုက်ဘာဖြင့်...
May 16, 2026
မကွေးတိုင်းထဲက နတ်မောက်မြို့နယ်နှင့် မန္တလေးတိုင်းထဲက ရမည်းသင်းမြို့နယ်တို့ ထိစပ်နေသည့်...