ဘူးသီးတောင်တွင် ဒေသခံနှစ်ဦး ဖမ်းဆီးခံရဟု မိသားစုပြော

ဘူးသီးတောင်တွင် ဒေသခံနှစ်ဦး ဖမ်းဆီးခံရဟု မိသားစုပြော
ဖမ်းဆီးခံခဲ့ရသည့် ဦးခင်မောင်လှနှင့် ဦးကျော်နိုင်/ ဓာတ်ပုံ - ဦးအောင်သောင်းရွှေ
ဖမ်းဆီးခံခဲ့ရသည့် ဦးခင်မောင်လှနှင့် ဦးကျော်နိုင်/ ဓာတ်ပုံ - ဦးအောင်သောင်းရွှေ

ချလူးအောင် — မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာနေ ဒေသခံနှစ်ဦးကို ဘူးသီးတောင်မြို့နယ်၊ သုံးဆယ့်တစ်ပုံ စေတီအနီးတွင် တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးသွားသည်ဟု မိသားစုဝင်များကပြောသည်။

ဦးခင်မောင်လှနှင့် ဦးကျော်နိုင်တို့နှစ်ဦးမှာ ဒီဇင်ဘာလ ၁၉ ရက်နေ့၊ နံနက် (၆)နာရီကျော်အချိန်က ရသေ့ တောင်မြို့နယ်တွင် စာသင်နေသည့် သမီးနှင့်တွေ့ဆုံရန် သွားရောက်စဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

တပ်မတော်အရာရှိတစ်ဦးက ဖားဝပ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးကို ဆက်သွယ်ကာ အဆိုပါနှစ်ဦးနှင့် ပတ်သက်ပြီး အနည်းငယ်မေးမြန်းသွားသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပြောသည်။

“ကျွန်တော့်ကို ဗိုလ်မှူးတစ်ဦး ဖုန်းဆက်လာပါတယ်။ ဦးကျော်နိုင်နဲ့ ဦးခင်မောင်လှတို့ကို ဖားဝပ်ချောင်းက ဟုတ်၊ မဟုတ် မေးပါတယ်” ဟု ၎င်းကဆိုသည်။

၎င်းတို့နှစ်ဦးကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မေးမြန်းရာတွင် ပြန်လည်ဖြေကြားခြင်းမရှိခဲ့ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါနှစ်ဦးနှင့်ပတ်သက်ပြီး သက်ဆိုင်ရာသို့ တင်ပြရန် စီစဉ်ထားသည်ဟု ဘူးသီးတောင်မြို့နယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောသည်။  

“သူတို့က သာမန်အရပ်သားတွေပါ။ မောင်တောမြို့ဖားဝပ်ချောင်းကျေးရွာမှာ နေထိုင်သူတွေဖြစ်တယ်လို့ သူတို့မိသားစုဝင်တွေက ဖုန်းဆက်အကြောင်းကြားလာတယ်။ ဒါကြောင့် မဖြစ်သင့်တာတွေ မဖြစ်ရအောင် သက်ဆိုင်ရာကို စာတင်အကြောင်းကြားဖို့ ဆောင်ရွက်ထားပါတယ်”ဟု ၎င်းကဆိုသည်။

၎င်းကိစ္စနှင့်ပတ်သတ်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်မှူးကြီးဝင်းဇော်ဦးကို DMG က ဆက်သွယ် ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...