မာန်အောင်တွင် လုံခြုံရေးတိုးမြှင့်ထား

မာန်အောင်တွင် လုံခြုံရေးတိုးမြှင့်ထား

မာန်အောင်မြို့နယ်တွင် ဆိုလာစွမ်းအင်စက်ရုံဖွင့်ပွဲအတွက် ရဲတပ်ဖွဲ့ (၂၀၀)ကျော်ခန့်ဖြင့် လုံခြုံရေးတိုးမြှင့်ချထားသည်ဟု ဒေသခံများထံက သိရသည်။

လာမည့် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ကျင်းပမည့် အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက်မည်ဟု ဒေသခံများကြားတွင် သတင်းထွက်ပေါ်နေသော်လည်း ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က မသိရှိကြောင်း ပြောဆိုသည်။

ခအုန်းမော်ကျေးရွာမှ ဒေသခံတစ်ဦးက “ လုံခြုံရေးတွေကတော့ ဗောဓိကုန်း ဘုန်းကြီးကျောင်းမှာနေပါတယ်။ ဒီလုံခြုံရေးတိုးမြှင့်တာက ဆိုလာစက်ရုံဖွင့်ပွဲအတွက် ချထားတာဖြစ်တယ်လို့တော့ ပြောသံကြားတယ်။ အရင်တုန်းကတော့ အခုလောက်များတဲ့ ရဲအင်အား တစ်ခါမှမမြင်ဖူးဘူး။ အင်အား ၃၀၀ ကျော်လောက်တောင် ရှိမယ်။ တော်တော်တော့ များတယ်”ဟု ပြောသည်။

အဆိုပါ စက်ရုံကို ၂၀၁၈ ခုနှစ်က တည်ထောင်ခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် စမ်းသပ်ကာလအဖြစ် ကျေးရွာ၊ ရပ်ကွက်တစ်ချို့ကို လျှပ်စစ်မီးပေးနေပြီဖြစ်သည်။

အဆိုပါ ဆိုလာ စက်ရုံကို POSODEWOO ကုမ္ပဏီမှ ၂၀၁၈ ခုနှစ်က တည်ဆောက်လျက်ရှိခဲ့ပြီး ယခုလက်ရှိတွင် ခအုန်းမော်ကျေးရွာ ရပ်ကွက် ၃ ခုအပါအဝင် မြို့ပေါ် ၅ ရပ်ကွက်နှင့် ကုန်းတန်းကျေးရွာ မြောက်ပိုင်း တို့ကို စမ်းသတ်ကာလအဖြစ် လျှပ်စစ်မီး ပေးနေပြီဖြစ်သည်။

မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...