မြေပုံမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေတိုးလာ

မြေပုံမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေတိုးလာ

ဝင်းညွန့် — ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေသောကြောင့် စစ်ဘေးရှောင်ဦးရေ တိုးလာသည်။

တိုက်ပွဲများကြောင့် ဟင်းခရော်၊ တောင်ပေါက်၊ ညောင်ကန်  စသည့် ကျေးရွာများက ဒေသခံ (၃၆၇၉)ဦးသည် ကျီးခေါင်တောင်၊ တောင်ကြီးရင်(မိုးသီးနတ်တောင်)၊ ရေရှင်၊ မြို့မကုသိနာရုံကျောင်း၊ ရက်ချောင်း၊ ပင်ကပ်၊ ကမ်းထောင်းကြီး စသည့်ကျေးရွာများတွင် ခိုလှုံနေကြခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက်နေ့ကတော့ ဟင်းခရော်က စစ်ဘေးရှောင် ၁၀၀ ကျော်တိုးလာတယ်။ ဒီနေ့တော့ တိုးလာတာ မရှိဘူး။ အဓိကတော့ စားနပ်ရိက္ခာတွေ အခက်ခဲရှိတယ်။ ကျွန်တော်တို့မှာ အဆောင်ဆောက်ဖို့ ငွေမရှိတော့ သူတို့ကို ဘုရားကြီးမှာပဲထားပါတယ်” ဟု ကမ်းထောင်ကြီး စစ်ဘေးရှောင်စခန်းတာဝန်ခံ  ကိုသန်းဝင်းက ပြောသည်။

စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာအခက်အခဲရှိနေသောကြောင့် အကူအညီများလိုအပ်နေသည်ဟု မြေပုံမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။

 “အဓိက အခက်အခဲကတော့ စစ်ဘေးရှောင်တွေအတွက် အလှူရှင်တွေ လိုအပ်နေတယ်။ အစိုးရကပေးတာကလည်း တခါတလေမှာ တစ်ယောက်ကို ၃၀၀ နူန်းပဲ ပေးတယ်။ နေရေး၊ ထိုင်ရေးက ဘုန်းကြီးကျောင်းတွေမှာ ထားတော့ သိပ်အခက်အခဲမရှိဘူး။ စားရေး၊ သောက်ရေးကတော့ နေစဉ်နဲ့အမျှ အခက်ခဲတွေရှိနေတယ် ”ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ (၁)သိန်း နီးပါးခန့်ရှိလာပြီဖြစ်ကာ စားဝတ်နေရေးအခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်။

မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...