ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့် မွတ်ဆလင်(၁၁)ဦး ရခိုင်သို့ပြန်ဝင်လာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့် မွတ်ဆလင်(၁၁)ဦး ရခိုင်သို့ပြန်ဝင်လာ

ချလူးအောင် — ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့် မွတ်ဆလင်(၁၁)ဦး ယမန်နေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်သို့ ပြန်လည်ဝင်လာကြောင်း တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းမှ သိရသည်။

ပြန်လည်ဝင်ရောက်လာသူများမှာ မောင်တောမြို့နယ်တောင်ပိုင်း ငါးခူရကျေးရွာတွင် နေထိုင်ခဲ့ကြသူများ ဖြစ်သည်။

“တောင်ပြိုလက်ဝဲက မနေ့က ၁၁ ဦးထပ်ဝင်ရောက်လာတယ်။ သူတို့ကို UEHRD အစီအစဉ်နဲ့ တောင်ပြို ပြန်လည်လက်ခံရေးစခန်းမှာပဲ လက်ခံခဲ့ပါတယ်” ဟု အဆိုပါစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသူများကို ယခုနှစ် သြဂုတ်လနှင့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတို့တွင် လက်ခံရန် နှစ်နိုင်ငံသဘောတူညီခဲ့သော်လည်း တစ်ဦးမျှ ဝင်ရောက်လာခြင်းမရှိပေ။ ယခုအခါ မိမိဆန္ဒအလျှောက် ပြန်လည်ဝင်ရောက်လာသူ (၄၄၈)ဦးရှိပြီဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က မောင်တောဒေသမှာ ARSA အကြမ်းဖက်အဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်တိုက်ခိုက်ရာမှာ မွတ်ဆလင် စုစုပေါင်း (၇)သိန်းကျော်ခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားကြောင်း ကုလသမဂ္ဂက ပြောဆိုထားသည်။

မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...