ဒေါ်အောင်ဆန်းစုကြည်အားထောက်ခံပွဲနှင့် ဘာသာပေါင်းစုံဆုတောင်းပွဲ ရန်ကုန်တွင် ကျင်းပ

ဒေါ်အောင်ဆန်းစုကြည်အားထောက်ခံပွဲနှင့် ဘာသာပေါင်းစုံဆုတောင်းပွဲ ရန်ကုန်တွင် ကျင်းပ

နယ်သာလန်နိုင်ငံသည်ဟိဂ်မြို့ရှိ အပြည်ပြည်တရားရုံးသို့ သွားရောက်တရားရင်ဆိုင်နေသည့်  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည့်  လူထုထောက်ခံပွဲနှင့် ဘာသာပေါင်းစုံဆုတောင်းပွဲကို ရန်ုကုန်မြို့တော်ခန်းမရှေ့တွင် ဒီဇင်ဘာ ၁၀ရက်နေ့ နေ့လည်က ပြုလုပ်ခဲ့သည်။

“တရားလည်းစွဲထားပြီး ဖြစ်တဲ့အတွက် တရားရုံးမှပဲအပြန်အလှန် ချေပခုခံပြီးသွားရမှပါ။ ယုံကြည့်တာကအမှန်တိုင်းနဲ့ အမှန်တိုင်းကိုတော့ လက်ခံရမှပါ။ တရားဥပဒေကိုဆန့်ကျင်ပြီးတော့ လက်ခံလိုမရပါဘူး။ အမှန်တိုင်းဖြစ်ပါစေ။ နိုင်ငံဂုဏ်သိက္ခာဒီထက်ပိုပြီးကောင်းမွန်ပါစေလို့ဆုတောင်းပါတယ်”  ဟု မင်္ဂလာတောင်ညွှန်ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဖြစ်သူဒေါ်ဖြူဖြူသင်း က ဖြေဆိုခဲ့သည်။

အဆိုပါ ထောက်ခံပွဲသို့ လူထောင်ပေါင်းများစွာတက်ရောက်ခဲ့ကြပြီး ဘာသာပေါင်းစုံက တက်ရောက်လာသူများကလည်း ဆုတောင်းမှုများပြုလုပ်ခဲ့ကြသည်။

“မှန်မှန်ကန်ကန်နဲ့ တရားမျှတ ဖို့လိုပါတယ်။ နိုင်ငံငယ် နိုင်ငံကြီးတွေ ဘေးဘယ်ထားဖို့လိုပါတယ်။ ကျွန်တော်လည်းမပြောချင်ပါဘူး။ ဒီစွပ်စွဲချက်ကြီးကတော်တော်ကြီးပါတယ်”ဟု အဝေးရောက်ညွန့်ပေါင်းအစိုးရအဖွဲ့ကို တည်ထောင်၍ ဝန်ကြီးချုပ် တာဝန်ယူခဲ့သူ ဒေါက်တာစိန်ဝင်း က  ပြောသည်။

 မြန်မာနိုင်ငံအနှံ့က မြို့ကြီးအသီးသီးတွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံသည့် လူထုထောက်ခံပွဲများ ကျင်းပပြုလုပ်နေပြီး ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ပြုလုပ်ခဲ့သည့်  လူထုထောက်ခံပွဲကို ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့်  တိုင်းအစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

လူမျိုးတုန်းသတ်ဖြတ်သည်ဟုဆိုကာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ်  အပြည်ပြည်ဆိုင်ရာတရားရုံး တွင် တရားစွဲဆိုထားမှုကို  ဒီဇင်ဘာ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိသုံးရက်ကြာ ကြားနာစစ်ဆေးသွားမည်ဟု သတင်းထုတ်ပြန်ထားသည်။

May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...
May 18, 2026
ပါခွီး — ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် စစ်ကြောင်းကို စနိုက်ဘာဖြင့်...
May 16, 2026
မကွေးတိုင်းထဲက နတ်မောက်မြို့နယ်နှင့် မန္တလေးတိုင်းထဲက ရမည်းသင်းမြို့နယ်တို့ ထိစပ်နေသည့်...