အမျိုးသမီးများကို အကာအကွယ်ပေးနိုင်မည့် သီးသန့်ဥပဒေများ ပြဋ္ဌာန်းရန်လိုအပ်

အမျိုးသမီးများကို အကာအကွယ်ပေးနိုင်မည့် သီးသန့်ဥပဒေများ ပြဋ္ဌာန်းရန်လိုအပ်
WLB(fb)နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်ခံ ပပျောက်ရေးနေ့ အထိမ်းအမှတ်
WLB(fb)နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်ခံ ပပျောက်ရေးနေ့ အထိမ်းအမှတ်

အမျိုးသမီးများကို အကာအကွယ် ပေးနိုင်မည့် သီးသန့်ဥပဒေများ ပြဋ္ဌာန်းပေးရန်လို အပ်သလို ရှိပြီးသား  ဥပဒေများကလည်း အကာအကွယ်မပေးဘဲ ဖိနှိပ်သည့် ဥပဒေများ ဖြစ်နေကြောင်း အမျိုး သမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အထွေထွေအတွင်းရေးမှူး နော်ဆဲဆဲက ပြောသည်။

အမျိုးသမီးများအဖွဲ့ချုပ်( မြန်မာနိုင်ငံ)တည်ထောင်ခြင်း နှစ်(၂၀)ပြည့် အခမ်းအနား သဘောထား ထုတ်ပြန်ချက်တစ်စောင်ကို  ထုတ်ပြန်ခဲ့ပြီးနောက် နော်ဆဲဆဲက မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို အထက်ပါ အတိုင်းပြောလိုက်ခြင်း ဖြစ်သည်။

နော်ဆဲဆဲက “အထူးသဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ ကိစ္စရပ်ပဲ ပြောပြော အမျိုးသမီးတွေကို အကြမ်းဖက်မှုပဲ ပြောပြော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပဲ ပြောပြော သေချာ သီးသန့် အကာအကွယ်ပေးရမယ့် ဥပဒေတွေ ပြဋ္ဌာန်းပေးဖို့လိုမယ်။ တချို့သော ဥပဒေတွေ ကလည်း အမျိုးသမီးတွေကို ပိုပြီးတော့ အကြမ်းဖက်မှုကို ပံ့ပိုး စေတဲ့ ဥပဒေတွေ ရှိသလို တချို့လည်း အကာအကွယ် မပေးဘဲ ဖိနှိပ်တဲ့ ဥပဒေတွေလည်း ရှိတယ်” ဟု ပြော သည်။

မျိုးစောင့်ဥပဒေကဲ့သို့သော ဥပဒေသည် အမျိုးသမီးများကို အကာအကွယ် မပေးသည့်အပြင် အမျိုးသမီးများ အပေါ် ခွဲခြားဆက်ဆံမှု ပပျောက်ရေး စာချုပ်ပါ အချက်များနှင့် ဆန့်ကျင်နေသည့်အတွက် ပယ်ဖျက်ပေးရန် လို ကြောင်း ၎င်းက ပြောသည်။

တရားလွှတ်တော် ရှေ့နေဦးရောဘတ်စန်းအောင်က မြန်မာနိုင်ငံတွင် ရှိသော ဥပဒေများကို မှန်မှန်ကန်ကန် ကျင့်သုံးမှု အားနည်းနေရာ ဥပဒေအသစ်များ ထပ်ပြီး ထုတ်ပါက ပိုဆိုးသွားနိုင်ကြောင်း၊ တရားရုံးများ၏ စွမ်းရည် အဆင့်အတန်းကို မြှင့်ပေးရမည်ဖြစ်ကြောင်း ဆိုသည်။

“တရားရုံးတွေ ရဲ့ စွမ်းရည် အဆင့်အတန်းကို မြှင့်ပေးရမယ်။ ဥပဒေအသစ် ထပ်ထုတ်စရာမလိုဘူး။ တစ်လင် တစ်မယား ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေတို့မှာလည်း မိန်းကလေး တွေရဲ့ အခန်းကဏ္ဍကို ထိခိုက်တာတွေ အများ ကြီး ဖြစ်နေတယ်။ ဘာလဲဆိုတော့ ဥပဒေအတိုင်း ကျင့်သုံးမှု မရှိ လို့။ မလိုတမာစိတ်ရှိတဲ့ လင်ယောကျ်ားက သူ့သူငယ်ချင်း တစ်ယောက်ယောက်ကို ဓားစာခံနဲ့ စကားပြောခိုင်းလိုက်မယ်။ မတ်တပ်ရပ် စကားပြောနေတာနဲ့ တစ်လင်တစ်မယား ဥပဒေ ဖွင့်နေပြီ။ အဲဒီလိုဖွင့်နေတဲ့ အခါကျတော့ မိန်းကလေးက နစ်နာတယ်။ ဘာလဲဆိုတော့ ဥပဒေ စိုးမိုးမှုမရှိလို့” ဟု ၎င်းက ပြောသည်။

အမျိုးသမီးများအဖွဲ့ ချုပ်( မြန်မာနိုင်ငံ-WLB )ကတော့ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံနေ ခြင်းများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် လူ့အခွင့် အရေး ချိုးဖောက်မှုများကို ဆက်လက် ဖော်ထုတ် သွားမည်ဖြစ်ပြီးကျူးလွန်ခံရသူများအတွက် တရားမျှတမှု ရရှိရေးကို ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကာ လူတိုင်းအတွက် လူ့အခွင့်အရေး၊ တရာမျှတရေး၊ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် ဆက်လက်လှုပ် ရှားဆောင်ရွက်သွားမည်ဖြစ်ကြောင်း WLB တည်ထောင်းခြင်း နှစ်(၂၀)ပြည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှု ပပျောက်ရေးစာချုပ် (CEDAW)ကို မြန်မာနိုင်ငံအနေဖြင့် ၁၉၉၇ ခုနှစ် ကတည်းက အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှု မပြုရေးအတွက် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားသည်။

ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...