နိုင်ငံတော်အစိုးရ၏ ညွှန်ကြားချက်ကြောင့် ICJ အမှုအတွက် တပ်ကိုယ်စားလှယ်တစ်ဦး မလိုက်ပါဖြစ်

နိုင်ငံတော်အစိုးရ၏ ညွှန်ကြားချက်ကြောင့် ICJ အမှုအတွက် တပ်ကိုယ်စားလှယ်တစ်ဦး မလိုက်ပါဖြစ်

ဆုမြတ်မေဇော် — အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ) တွင် သွားရောက် ရင်ဆိုင်မည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်အဖွဲ့တွင် မြန်မာ့တပ်မတော်ဘက်မှ ကိုယ်စားလှယ်တစ်ဦး လိုက်ပါရေးအတွက် အစည်း အဝေးများတွင်  အကြိမ်ကြိမ် ဆွေးနွေးစီစဉ်ထားခဲ့သော်လည်း  နိုင်ငံတော်အစိုးရ၏ ညွှန်ကြားချက်တွေကို လိုက်နာပြီး  မလိုက်ပါဖြစ်ကြောင်း မြန်မာ့တပ်မတော်ဘက်မှ သတင်းမှန်ပြန်ကြားရေး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)မှာ တရားစွဲဆိုမှုကို ရင်ဆိုင်ဖြေရှင်းရန် ဒီဇင်ဘာလ(၈)ရက် မနက်ပိုင်းက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သောအဖွဲ့သည် နေပြည်တော်မှ ICJရုံးအခြေစိုက်ရာ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ကို အထူးလေယာဉ်နှင့် ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

“ICJကိုသွားတဲ့အခါမှာလည်း ကျွန်တော်တို့တပ်မတော်သားကိုယ်စားလှယ်အနေနဲ့ကတော့ပါသွားတာမရှိပါဘူး၊ နောက်ပိုင်းကျွန်တော်တို့ဆက်လုပ်မယ့် အလုပ်ကတော့ရှေ့နေချုပ်ရုံးကနေညွှန်ကြားရေးမှူးချုပ်တစ်ယောက်ပါသွားပါတယ်၊ ပြီးရင် ကျွန်တော်တို့ ဟိုဘက်မှာရောက်လို့ ဆက်လက်ပြီး လိုအပ်တာတွေ အချက်အလက်တွေ၊ အကြောင်းအရာတွေကို သွားတဲ့လူတွေနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ လုပ်ထားပါတယ်”ဟု မြန်မာ့တပ်မတော်ဘက်မှ သတင်းမှန် ပြန်ကြားရေး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။

ICJအမှုရင်ဆိုင်ရာတွင် လိုအပ်ပါက တပ်မတော်သား ကိုယ်စားလှယ်များက လိုက်ပါဆောင်ရွက်သွားမည်ဟု တပ်မတော်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုထားသည်။

လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ ကုလသမဂ္ဂ ပဋိညာည်ကို ဖောက်ဖျက်မှုနှင့် ဒီဇင်ဘာလ(၁၀)ရက်နေ့မှ (၁၂)ရက်နေ့အထိ တရားရုံးချိန်းရက် သတ်မှတ်ကာ သုံးရက်တာ ကြားနာ စစ်ဆေးသွားမည်ဟု အပြည်ပြည်ဆိုင်ရာ တရား ရုံး (ICJ)က ထုတ်ပြန်ထားသည်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအနေဖြင့်  လူနည်းစု မွတ်ဆလင်များအား လူမျိုးတုံးသတ်ဖြတ်မှုကို တားဆီး၊ အပြစ်ပေး အရေးယူရန် ပျက်ကွယ်ခဲ့သည်ဟု ဆိုသော စွဲချက်ဖြင့် နိုဝင်ဘာလ(၁၁)ရက်နေ့က ICJ ရုံးတွင် အမှုဖွင့်၊ စွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...