ဂျပန်ရေတွင်း ပြဿနာကို ဆွေးနွေးသည့်နည်းဖြင့် ဆက်ဖြေရှင်းမည်ဟု မွန်ပြည်သစ်ပြော

ဂျပန်ရေတွင်း ပြဿနာကို ဆွေးနွေးသည့်နည်းဖြင့် ဆက်ဖြေရှင်းမည်ဟု မွန်ပြည်သစ်ပြော

မွန်ပြည်သစ်ပါတီနှင့် တပ်မတော်အကြား လတ်တလောဖြစ်ပွားနေသည့် ပဋိပက္ခနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးသည့်နည်းဖြင့် ဖြေရှင်းသွားမည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။

“ကျနော်တို့ ကိုယ်၌ကလည်း ပြည်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ထဲထဲဝင်ဝင်ပါဝင်ပြီး NCA လမ်းကြောင်းအတိုင်း လက်တွေ့အကောင်အထည်ဖော်နေတာပေါ့ အဲဒါကြောင့် အခု ပဋိပက္ခဖြစ်တဲ့ဖြစ်စဉ်မှာလည်း ကျနော်တို့ တွေ့ဆုံဖြေရှင်းတဲ့နည်းနဲ့ပဲ ဖြေရှင်းမှာပါ” ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းဆက်ဆံရေးတာဝန်ခံ နိုင်ဝင်းလှက ပြောသည်။

နိုဝင်ဘာလ နောက်ဆုံးအပတ်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲနောက်ပိုင်းတွင် ဂျပန်ရေတွင်းကျေးရွာရှိ မွန်ပြည်သစ်ပါတီတပ်စခန်းနေရာကို တပ်မတော်၊ BGF ပူးပေါင်းအဖွဲ့တို့က ဒီဇင်ဘာ ၅ ရက်နေ့ထိ ဝင်ရောက်နေရာယူထားခဲ့သည်။

တပ်စခန်းနေရာတွင် တပ်မတော်မှ ဝင်ရောက်နေရာယူထားသည့်ကိစ္စနှင့် ပတ်သက်၍ ဒီဇင်ဘာ ၂ ရက်နေ့က မွန်ပြည်သစ်ပါတီနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း တစ်စုံတစ်ရာ သဘောတူညီမှုမရရှိခဲ့ပေ။

လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခကို ပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U မှတဆင့် ဖြေရှင်းသွားမည်ဟုလည်း နိုင်ဝင်းလှက ဆက်ပြောသည်။

မွန်ပြည်သစ်ပါတီနှင့် တပ်မတော်၊ BGF ပူးပေါင်းအဖွဲ့တို့ နိုဝင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းခန့်က ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့နယ် ဂျပန်ရေတွင်းကျေးရွာရှိ မွန်ပြည်သစ်ပါတီအခြေစိုက်တပ်စခန်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြခြင်း ဖြစ်သည်။

ဂျပန်ရေတွင်းတပ်စခန်းနေရာသည် ၂၀၁၂ ခုနှစ် ပြည်နယ်အဆင့် ပြည်ထောင်အဆင့် အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်အရသော်လည်းကောင်း ၂၀၁၈ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် NCA အရသော်လည်းကောင်း တပ်တည်နေရာအဖြစ် အတည်ပြုသတ်မှတ်ထားသည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။

ထိုမွန်ပြည်သစ်ပါတီ တပ်တည်နေရာစခန်းသို့ ထိုင်း-မြန်မာနယ်စပ် နယ်နိမိတ်ကို စစ်ဆေးရန်ဆိုပြီး တပ်မတော်နှင့် BGF စစ်ကြောင်းတို့က ခွင့်ပြုချက်မရှိပဲ ဝင်ရောက်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားခဲ့ကြသည်ဟု မွန်ပြည်သစ်ပါတီ တာဝန်ရှိသူများက ပြောသည်။

တပ်မတော်၏လုပ်ရပ်သည် NCA စာချုပ် အခန်း (၃) အပိုဒ် ၈ (ခ) ပါ တစ်ဖက်အဖွဲ့အစည်းက ထိန်းချုပ်ထားသည့် နယ်မြေအတွင်း လက်နက်ဖြင့် သွားလာရန် လိုအပ်ပါက နှစ်ဖက်ညှိနှိုင်း သဘောတူညီချက်ဖြင့် သွားလာရန် ဆိုသည့်အချက်ကို ချိုးဖောက်ရာရောက်နေသည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။

“အခု ဖြစ်ခဲ့တဲ့ကိစ္စမှာ သဘောတူညီမှုမရခင်မှာ (တပ်မတော်) မစောင့်နိုင်ပဲ ဝင်သွားလို့ ပစ်ခတ်မှုဖြစ်ကြတာဖြစ်တယ်။ အဲဒီအချက်ကို ထောက်ရင် ကျနော်တို့ နှစ်ဖက်သဘောတူညီမှုရပြီးမှ သွားဖို့လာဖို့ မရင်ခင်မှာ ဒီလို ဝင်သွားတော့ NCA စာချုပ်ပါအချက်ကို ချိုးဖောက်ရာရောက်ပါတယ်” ဟု နိုင်ဝင်းလှ က ပြောသည်။

မွန်ပြည်သစ်ပါတီနှင့် တပ်မတော်၊ BGF ပူးပေါင်းအဖွဲ့တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့်နှင့် မွန်ပြည်သစ်ပါတီတပ်စခန်းတည်နေရာ ကျေးရွာအတွင်း တပ်မတော်နှင့် BGF တပ်သားတို့ ဝင်ရောက်တပ်စွဲထားသည့်အတွက် ဂျပန်ရေတွင်းကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင်ရှိ ကြံတောရွာ၊ တပ်ရင်း (၃) ရွာတို့မှ ဒေသခံ ၈၀၀ ကျော် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ထိုင်းစစ်တပ် ထိုင်းအာဏာပိုင်များက အစားအသောက်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ကူညီထောက်ပံ့ပေးထားသည်။

September 1, 2026
ရခိုင်ပြည် တောင်ပိုင်းရှိ တောင်ကုတ်၊ သံတွဲနှင့် ဂွ မြို့နယ် သုံးခုသို့ စစ်တပ်က...
ဓာတ်ပုံ - APF/ ပုံဟောင်း
September 1, 2026
တနင်္သာရီတိုင်းအတွင်း လက်လွှတ်လိုက်ရသည့် ဆုံးရှုံးနယ်မြေများနှင့် မဟာဗျူဟာကျသည့် ထားဝယ် ရေနက်...
ဓါတ်ပုံ - (AAPP / ၂၀၂၆ ခုနှစ် ရေမွန်မက်ဂ်ဆေးဆေးဆု ရရှိသူ AAPP ပူးတွဲတည်ထောင်သူ ဦးဘိုကြည်)
August 31, 2026
အာရှ၏ နိုဘယ်လ်ဆုဟု တင်စားကြသည့် ၂၀၂၆ ခုနှစ် ရေမွန်မက်ဂ်ဆေးဆေးဆု (Ramon Magsaysay Award) ကို...
ဓာတ်ပုံ - (ဘန်ကောက်သို့ သွားရောက် အလုပ်လုပ်ကိုက်ကြမည့် ကရင်နီစစ်ရှောင်လူငယ်များ / Refugee man)
August 31, 2026
စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်အတွင်း ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ခန့် ပြည်ပသို့ ထွက်ခွာသွားခဲ့ရာ...