ဖမ်းဆီးခံနေရသည့် ပညာရေးဝန်ထမ်းနှစ်ဦးနှင့် မိသားစုတို့ အဆက်အသွယ်မရသေး

ဖမ်းဆီးခံနေရသည့် ပညာရေးဝန်ထမ်းနှစ်ဦးနှင့် မိသားစုတို့ အဆက်အသွယ်မရသေး

ချလူးအောင်— ရသေ့တောင်မြို့နယ်၊ အငူမော်ကုန်တန်းကျေးရွာတွင် တာဝန်ထမ်းဆောင်နေသည့် ပညာရေးဝန်ထမ်းနှစ်ဦးကို ရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးနေသည်ဟု သတင်းကြားရသော်လည်း တွေ့ခွင့်မရသေးဟု မိသားစုဝင်တစ်ဦးက ပြောသည်။

အဆိုပါ ကျေးရွာကို ဒီဇင်ဘာလ (၃)ရက်နေ့က တပ်မတော်၊ ရဲတပ်ဖွဲ့၊ စစ်ဘက်ရေးရာလုံခြုံရေး တပ်ဖွဲ့ဝင် (စရဖ)တို့က ဝင်ရောက်ကာ အိမ်ထောင်စုစာရင်းများကို စစ်ဆေးခဲ့သည်။ ထို့နောက် ကျောင်းဆရာ ဦးကျော်ဆန်းနိုင်၊ ကျောင်းစာရေး ဦးနေဇော်ထွန်းနှင့် ရပ်/ကျေးစာရေးတစ်ဦးကို ဖမ်းဆီးခဲ့သည်။ နောက်ပိုင်းတွင် ရပ်/ ကျေးစာရေးကို ပြန်လွှတ်ပေးလိုက်သည်။

လက်ရှိတွင် ၎င်းတို့နှစ်ဦးကို အငူမော်ရဲစခန်းမှတစ်ဆင့် မောင်တောရဲစခန်းသို့ ပို့ဆောင်ကာ စရဖတပ်ဖွဲ့ဝင်များက စစ်ဆေးလျက်ရှိသည်ဟု ဦးကျော်ဆန်းနိုင်၏ အစ်ကိုဖြစ်သူ ဦးအောင်နိုင်က ပြောသည်။

“မောင်တောစခန်းမှာ ချုပ်ပြီး စရဖက စစ်ဆေးနေတယ်လို့သိရတယ်။ မနေ့က မောင်တောရဲစခန်းကိုသွားပါတယ်။ ဒါပေမယ့် တွေ့ခွင့်မရခဲ့ပါဘူး” ဟု ၎င်းကဆိုသည်။

ပညာရေးဝန်ထမ်းနှစ်ဦး ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်ပြီး အာဏာပိုင်များဘက်က တရားဝင်အကြောင်းကြား ခြင်းမရှိသေးဟု ရသေ့တောင်မြို့နယ်ပညာရေးမှူး ဦးကျော်မြက ပြောသည်။

“ဖမ်းဆီးစစ်ဆေးနေတဲ့ ပညာရေးဝန်ထမ်းနှစ်ဦးကိုတော့ အခုထိ ဘာမှတရားဝင်အကြောင်းကြားလာတာ မရှိသေးပါဘူး။ ကျောင်းကတော့ တရားဝင်မပိတ်ထားပါဘူး။ ရွာသူရွာသားတွေမရှိလို့ ကျောင်းမဖွင့်တာပဲ ဖြစ်လိမ့်မယ်”ဟု ၎င်းက ဆိုသည်။

သားဖြစ်သူ ဦးကျော်ဆန်းနိုင် အဖမ်းခံရပြီး နောက်တစ်ရက်အကြာတွင် မိခင်ဖြစ်သူ ဒေါ်ဝင်းမြဖြူ (၇၉) နှစ်မှာ ပူပန်သောကရောက်၍ နေမကောင်းဖြစ်သဖြင့် စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရာ ယနေ့ (ဒီဇင်ဘာလ ၇ ရက်)၊  နံနက်ပိုင်းတွင် ကွယ်လွန်သွားသည်။

“ဒီနေ့ မနက်အာရုံ (၄)နာရီမှာ သားအဖမ်းခံရလို့ စိတ်ဒဏ်ရာရလို့ကွယ်လွန်သွားခဲ့တာပါ”ဟု ဦးအောင်နိုင်က ပြောသည်။

ရခိုင်ပြည်နယ်တွင် AA နှင့် ပတ်သက်သည်ဟုဆိုကာ စွပ်စွဲခံရ၍ တရားစွဲခံရသူ စုစုပေါင်း (၅၀၃)ဦးရှိကာ ယင်းအထဲမှ (၁၀)ဦး လွတ်မြောက်ခဲ့ပြီဖြစ်ကြောင်း သဇင်

ဖမ်းဆီးခံနေရသည့် ကျောင်းဆရာ ဦးကျော်ဆန်းနိုင်နှင့် ကျောင်းစာရေး ဦးနေဇော်ထွန်း

ရခိုင်လူထုဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(RCDF)မှ အသင်းသူတစ်ဦး သွေးလှူဒါန်းနေမှုကို တွေ့ရစဉ်။ ဓာတ်ပုံ - Ko Htun Iin (ပေးပို့)
May 26, 2026
စစ်အုပ်စု၏ လေကြောင်း အန္တရာယ်နှင့် ဒေသတွင်း စက်သုံးဆီ ဈေးနှုန်းများ အဆမတန်မြင့်...
ရခိုင်ပြည်အတွင်းက ကုန်စုံဆိုင်တစ်ဆိုင်အား တွေ့ရစဥ်။ ဓာတ်ပုံ - DMG
May 26, 2026
ရခိုင်ပြည်သို့ ကုန်စည်စီးဆင်းနေသည့် မကွေးတိုင်း ဆောမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က နေရာယူ...
May 25, 2026
ရခိုင်ပြည်နှင့် နယ်နိမိတ်ချင်း တိုက်ရိုက်ထိစပ်နေသည့် မကွေးတိုင်းနှင့် ချင်းပြည်တောင်ပိုင်းက...
May 23, 2026
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို မေလ ၂၁ ရက်က...