မြောက်ဦးတွင် နွားလွှတ်ရန်သွားသည့် ရွာသားတစ်ဦး ကျည်ထိမှန်

မြောက်ဦးတွင် နွားလွှတ်ရန်သွားသည့် ရွာသားတစ်ဦး ကျည်ထိမှန်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာမြောက်ဘက်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားမူကြောင့်  နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီကျော်တွင် အဆိုပါကျေးရွာမှ အရပ်သားတစ်ဦး ကျည်ထိမှန်၍ ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ဒဏ်ရာရရှိသူမှာ ကိုသိန်းထွန်းကျော် (၃၂) နှစ် (ဘ) ဦးမောင်ဘထွန်း ဖြစ်ပြီး ကျေးရွာအနီးတွင် ချည်ထားသည့်နွားကို လွှတ်ရန်သွားရာမှ ညာဖက်ပေါင်တွင် ကျည်ထိမှန်သွားခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးကပြောသည်။

 “ကျွန်တော်တို့ရွာ မြောက်ဘက်တောင်နားမှာ တိုက်ပွဲဖြစ်နေတယ်။ ကိုသိန်းထွန်းကျော်က ရွာနားမှာ ချည်ထားတဲ့ သူ့နွားကို လွှတ်ဖို့သွားတော့ ညာဖက်ပေါင်မှာ ကျည်ထိသွားတယ်။ ဒဏ်ရာကတော့ နည်းနည်းများတယ်။ သွေးတွေလည်း အများကြီးထွက်နေတယ် ” ဟု ၎င်းကဆိုသည်။

နိုဝင်ဘာ ၂၆ ရက်နေ့ နေ့လယ်ပိုင်းကလည်း ကျောင်းတောင်ကျေးရွာမြောက်ဘက် မိုင်ဝက်ခန့် အကွာတွင် တိုက်ပွဲဖြစ်ပွားမူရှိခဲ့ပြီး ကျေးရွာအတွင်းသို့ ကျည်စများကျရောက်မူကြောင့် ရွာသားများမှာ အနီးအနားကျေးရွာများသို့ ထွက်ပြေးနေကြရသည်။

“မနေ့က မွန်းလွဲနှစ်နာရီလောက်မှာလည်း ဖြစ်တယ်။ ရွာထဲက အိမ်ခေါင်မိုးတွေမှာ ကျည်စတွေလာကျတယ်။ လက်နက်ကြီးတော့မကျဘူး။ ရွာသားတွေက အနီးအနားမှာရှိတဲ့ ပန်းမြောင်းတို့၊ မြို့ဟောင်းရွာတို့ကို ထွက်ပြေးနေကြတယ်” ဟု အမည်မဖော်လိုသူ ဒေသခံက ဆိုသည်။

ကျောင်းတောင်ကျေးရွာအနီးအနားတွင် တိုက်ပွဲဖြစ်ပွားမှုကို တပ်မတော်က အတည်ပြုထားပြီး ဒေသခံများ၏ အခြေအနေကို မသိသေးဟု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး က ပြောသည်။

အဆိုပါ ကျေးရွာအနီးတွင် ယခုအချိန်ထိ တိုက်ပွဲဖြစ်ပွားမူများရှိနေပြီး ဒဏ်ရာရရှိသူ ကိုသိန်းထွန်းကျော်ကို မင်းပြားမြို့နယ်၊ ပန်းမြောင်းတိုက်နယ် ဆေးရုံးသို့ ပို့ဆောင်နေသည်ဟု ဒေသခံများထံမှ သိရသည်။

မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...