ကမ်းထောင်းကြီးမြို့မှ စစ်ဘေးဒုက္ခသည်များ အဝတ်အထည်နှင့်စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

ကမ်းထောင်းကြီးမြို့မှ စစ်ဘေးဒုက္ခသည်များ အဝတ်အထည်နှင့်စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

ခိုင်မင်း — ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ရှိ ရက္ခဝံသဖောင်ဒေးရှင်း စစ်ဘေးရှောင်စခန်းတွင် ခိုလှုံရန်ရောက်ရှိနေသော စစ်ဘေးရှောင်ပြည်သူ ၆၀၀ ကျော်အတွက် အခင်း၊ စောင်၊ ခြင်ထောင်နှင့် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေသည်ဟု သိရသည်။

အဆိုပါစစ်ဘေးရှောင်စခန်းကို နိုဝင်ဘာလ ၁၉ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး စစ်ဘေးရှောင်ပြည်သူများအတွက် ကမ်းထောင်းကြီးမြို့ပေါ်ရှိ ရပ်ကွက်များတွင်အလှူခံကာ ချက်ပြုတ်ကျွေးမွေးနေခြင်းဖြစ်ကြောင်း ရက္ခဝံသဖောင်ဒေးရှင်းတာဝန်ခံ ဦးသန်းဝင်းကဆိုသည်။

“ကျနော်တို့ ရက္ခဝံသဖောင်ဒေးရှင်းအဖွဲ့ကလူတွေက ရပ်ရွာမှာအလှူခံပြီးတော့ ချက်ပြုတ်ကျွေးမွေးနေကြတာပါ။ စစ်ဘေးရှောင်တွေကလည်း နေ့စဉ်တိုးလာနေတဲ့အတွက် မလုံလောက်ဘူးပေါ့၊ လူဦးရေကလည်းများ တယ်ဆိုတော့လေ၊ ပြီးရင် ရာသီဥတုကလည်း အေးလာနေတယ်ဆိုတော့ စောင်တွေ၊ ခြင်ထောင်တွေကအစ အများကြီးလိုအပ်နေတယ်” ဟု ဦးသန်းဝင်းက ပြောသည်။

ထို့အပြင် စစ်ဘေးရှောင်များထဲတွင် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများလည်းပါဝင်နေသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများလည်း လိုအပ်လျက်ရှိသည်။

“ကျနော်တို့ စစ်ရှောင်စခန်းမှာဆိုရင် ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ နေမကောင်းတာတွေရှိတယ်၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရော၊ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေလည်း ပါနေတယ်၊ ပြီးရင် ရာသီဥတုကလည်း အေးလာနေတော့ ဒီဒဏ်တွေကို မခံနိုင်ကြဘူးပေါ့။ လောလောဆယ်တော့ သက်ဆိုင်ရာတွေကလည်း ကူညီဆောင်ရွက်ပေးတာတွေတော့ မရှိသေးဘူး” ဟု ဦးသန်းဝင်းက ဆိုသည်။

စစ်ဘေးရှောင် ဒုက္ခသည်များသည် မြေပုံမြို့နယ်အတွင်း တပ်မတော်က ရဟတ်ယာဉ်များဖြင့်ပစ်ခတ်မှုကြောင့် အင်ကြင်းကျေးရွာ၊ ဟင်းခရော်ကျေးရွာ၊ တောင်ပေါက်ကျေးရွာ၊ ညောင်ကန်ကျေးရွာတို့မှ ထွက်ပြေးလာကြခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရခိုင့်တပ်တော်(AA)တို့ တိုက်ဖြစ်ပွားနေသည်မှာ တစ်နှစ်ခန့်ကြာမြင့်လာပြီး စစ်ဘေးဒုက္ခသည်စခန်း ၇၀ ကျော်အထိရှိလာကာ ဒုက္ခသည်ဦးရေမှာလည်း ၉၂၀၀၀ ကျော်အထိရှိလာသည်။ မြေပုံတစ်မြို့နယ်တည်းတွင် စစ်ဘေးရှောင်ဦးရေ ၉၀၀ ခန့်အထိရှိကြောင်း သိရသည်။

မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...