ဘူးသီးတောင်တွင် လက်နက်ကြီးကျရောက်ပြီး နေအိမ်အချို့မီးလောင်၊ မွတ်ဆလင်နှစ်ဦး ဒဏ်ရာရ

ဘူးသီးတောင်တွင် လက်နက်ကြီးကျရောက်ပြီး နေအိမ်အချို့မီးလောင်၊ မွတ်ဆလင်နှစ်ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ သရက်ပြင်ကျေးရွာနှင့် ချာကေ(မွတ်ဆလင်) ကျေးရွာတွင် လက်နက်ကြီးကျရောက်မှုကြောင့် နေအိမ်အချို့မီးလောင်ပြီး မွတ်ဆလင်နှစ်ဦး ဒဏ်ရရှိသွားကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာလ ၆ ရက် နေ့လည် ၂ နာရီကျော်ခန့်က သရက်ပြင်ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်သွားခဲ့သည်ဟု ဒေသခံများ၏သတင်းပေးပို့ချက်ကို ကိုးကားပြီး ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက အတည်ပြုပြောကြားသည်။

“လက်နက်ကြီးကျည်ကျပြီးတော့ သရက်ပြင်ရွာမှာ အိမ်တစ်လုံးမီးလောင်သွားတယ်လို့ သိရတယ်။ အခုလည်းပဲ အဲဒီဘက်က ပစ်ခတ်သံတွေကြားနေရတယ်” ဟု ဦးထွန်းအောင်သိန်းကပြောသည်။

ယင်းလက်နက်ကြီးမှာ မည့်သည့်ဘက်မှပစ်ခတ်မှုကြောင့် ကျရောက်သည်ကို မသိရသေးကြောင်း ၎င်းကဆိုသည်။

ထို့ပြင် ဘူးသီးတောင်မြို့နယ် ချာကေ(မွတ်ဆလင်)ကျေးရွာတွင်လည်း ယနေ့နေ့လည်ပိုင်းက လက်နက်ကြီးကျည်ကျရောက်ပြီး နေအိမ်တစ်လုံးမီးလောင်ကာ ကျေးရွာသားနှစ်ဦးဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

သရက်ပြင်ကျေးရွာသားများမှာ တိုက်ပွဲဖြစ်ပွားမှုများကြောင့် ပြီးခဲ့သည့်တစ်လခန့်ကနေ ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်နေကြသဖြင့် ကျေးရွာအတွင်း လူတစ်ဦးမျှမရှိတော့ဘဲ ယခုလက်နက်ကြီးကျည်ကျရောက်ပြီး မီးလောင်သွားသည့် နေအိမ်သည် မည်သူ့၏နေအိမ်ဖြစ်သည်ကို အတိအကျမသိရသေးပေ။

သရက်ပြင်ကျေးရွာမှ ဘူးသီးတောင်မြို့ပေါ်သို့ စစ်ဘေးရှောင်တိမ်းရန်ရောက်ရှိနေသည့် ဒေါ်သိန်းချေက ၎င်းတို့ကျေးရွာတွင် မီးလောင်နေသည်ကို အခြားသူများ၏ ပြောကြားချက်အရ သိရကြောင်း ဆိုသည်။

“ကျွန်မတို့က တိုက်ပွဲကြားထဲက ကြောက်လို့ထွက်ပြေးလာကြရတာပါ။ ဘာပဲဖြစ်ဖြစ် ကိုယ့်တို့နေအိမ်တွေကို အေးချမ်းတဲ့အချိန်မှာ သွားနေဖို့စိတ်ကူးထားကြတာ။ အခုက နေအိမ်တွေမီးလောင်တယ်ဆိုတော့ ဘယ်သူ့အိမ်ပဲဖြစ်ဖြစ် အခက်ခဲဖြစ်တာပေါ့။ အဲလိုမဖြစ်စေချင်ဘူး” ဟု ၎င်းကပြောသည်။

သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...