မြေပုံမြို့နယ်မှ တစ်လခန့်ကြာ ပျောက်ဆုံးနေသူနှစ်ဦးကို မိသားစုဝင်များစိုးရိမ်

မြေပုံမြို့နယ်မှ တစ်လခန့်ကြာ ပျောက်ဆုံးနေသူနှစ်ဦးကို မိသားစုဝင်များစိုးရိမ်
by -
ဝင်းညွန့်

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ရွာသာယာကျေးရွာမှ ကျေးရွာသားနှစ်ဦး ပျောက်ဆုံးနေသည်မှာ ၁ လခန့် ကြာမြင့်လာပြီဖြစ်သော်လည်း သတင်းအစအနတစ်ခုမျှ မရရှိသေးသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်နေ့က ရွာသာယာကျေးရွာမှ ကိုမောင်ဝင်းဌေး ၂၈ နှစ်နှင့် ကိုမောင်ဌေးဝင်း၂၆ နှစ်တို့ ညီအစ်ကိုနှစ်ဦးမှာ ရွာသာယာကျေးရွာအရှေ့ဘက်သို့ ကျွဲရှာသွားစဉ် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

“ကျွန်မအိမ်ရှင်ပျောက်နေတာ ၁ လနီးပါးရှိပါပြီး။ အခုထိ ဘာသတင်းအစအနမှ မရသေးဘူး။ ဘယ်အဖွဲ့က ဖမ်းသွားတာလဲဆိုတာလည်း မသိဘူး။ စုံစမ်းလို့လည်းမရသေးဘူး။ သူ့အမေဆိုရင် ရောဂါတောင်ဖြစ်နေပြီ။ ကျွန်မရင်ထဲမှာ ပြောမပြတတ်အောင် ခံစားရတယ်။ သမီးလေးဆိုရင်လည်း သူ့အဖေကို တဖွဖွမေးနေတယ် ” ဟု ကိုမောင်ဌေးဝင်း၏ ဇနီး မနွယ်နွယ်စိုးကပြောသည်။

အဆိုပါ ရွာသာယာကျေးရွာအနီးတစ်ဝိုက်တွင် တပ်မတော်စစ်ကြောင်းနှင့် အေအေတပ်ဖွဲ့တို့က လှုပ်ရှားသွားလာမှုများရှိသဖြင့် ညီအစ်ကိုနှစ်ဦးကို လက်နက်ကိုင်တပ်ဖွဲ့များက ဖမ်းဆီးသွားသည်ဟု မိသားစုဝင်များက သံသယရှိနေကြသည်။

သို့သော်လည်း တပ်မတော်နှင့် အေအေတို့မှ ပျောက်ဆုံးနေသူနှစ်ဦးနှင့်ပတ်သက်ပြီး ထုတ်ပြန်ပြောဆိုခြင်းများ မရှိသေးပေ။

၎င်းတို့နှစ်ဦးပျောက်ဆုံးနေမှုအား အောက်တိုဘာလ ၁၂ ရက်နေ့က ယောချောင်းရဲစခန်းတွင် တိုင်ကြားထားကာ မိသားစုဝင်များကလည်း ၎င်းတို့သွားသည့် တောအုပ်နေရာများသို့ လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ရှိသဖြင့် စိုးရိမ်နေကြခြင်းဖြစ်သည်။

သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...