မြေပုံမြို့နယ်တွင် အရပ်သားတစ်ဦး ဖမ်းဆီးခံရ

မြေပုံမြို့နယ်တွင် အရပ်သားတစ်ဦး ဖမ်းဆီးခံရ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ယောချောင်း(ရွာသာယာ)ကျေးရွာသားတစ်ဦးအား နိုဝင်ဘာလ ၃ ရက်နေ့ နေ့လည် ၁ နာရီကျော်အချိန်တွင် တပ်မတော်စစ်ကြောင်းတစ်ခုမှ ဖမ်းဆီးခေါ်သွားခဲ့ကြောင်း မိသားစုဝင်ထံမှ သိရသည်။

ထိုသို့ဖမ်းဆီးခံရသူမှာ ကိုဆန်းဆန်းမောင် ၂၉ နှစ်ဖြစ်ပြီး ၎င်းသည် ယောချောင်းကျေးရွာမှ ယိုးဆနွင်းကျေးရွာသို့ မင်္ဂလာဆောင်ပွဲသွားရာတွင် တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးခေါ်သွားခြင်းဖြစ်သည်ဟု ဖမ်းဆီးခံရ သူ၏မိခင်ဖြစ်သူ ဒေါ်မတင်စိန်ကပြောသည်။

“ပြီးခဲ့တဲ့ တနင်္ဂနွေက ဖမ်းသွားတာ။ အဲဒီနေ့က သူဟာ ယောချောင်းကနေ ယိုးဆနွင်းကို မင်္ဂဆောင်ပွဲသွားတယ်။ လမ်းမှာ စစ်တပ်နဲ့တွေ့လို့ဖမ်းသွားတယ်။ ဆိုင်ကယ်လည်း ပါသွားတယ် ”ဟု ၎င်းကဆိုသည်။

ဖမ်းဆီးခံရသော ကိုဆန်းဆန်းမောင်ကို မင်းပြားမြို့နယ် ကမ်းနီကျေးရွာ တပ်မတော်လေ့ကျင့်ရေးကျောင်း တိုင်းဗဟို(၉)သို့ ခေါ်ဆောင်သွားပြီး မည့်သည်အတွက်ကြောင့် ခေါ်သွားသည်ကို မိသားစုဝင်များနှင့် တွေ့ခွင့်မပေး၍ မသိရသေးကြောင်း ဒေါ်မတင်စိန်က ပြောသည်။

“ကျွန်မသားကို ဘာကြောင့်ဖမ်းသွားလည်းဆိုတာ မသိဘူး။ ကျွန်မတို့ မနေ့က တိုင်းဗဟို ၉ ကိုသွားတယ်။ တွေ့ခွင့်မပေးဘူး။ ကျွန်မသားမှာ ဘာအပြစ်မှမရှိဘူး ” ဟု မိခင်ဖြစ်သူ ဒေါ်မတင်စိန်က ပြောသည်။

ယခုကဲ့သို့ ဖမ်းဆီးထားမှုနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည့်ဒေသများ၌ တပ်မတော်မှ ရခိုင်ကျေးရွာများအတွင်း ဝင်ရောက်ကာ ကျေးရွာသားများကို အေအေနှင့်ဆက်စပ်မှုရှိ၊ မရှိ သံသယဖြင့် ဖမ်းဆီးစစ်ဆေးမှုများ ရှိနေသည်။

ထိုသို့ အေအေနှင့်ဆက်စပ်ပြီး သံသယဖြင့်ဖမ်းဆီးခံထားရသူ စုစုပေါင်း ၂၁၇ ဦးအထိရှိနေပြီဖြစ်ကြောင်း ရခိုင် တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏ စာရင်းအရ သိရသည်။

သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...