အရပ်သားများ ဘေးကင်းလုံခြုံရေး

အရပ်သားများ ဘေးကင်းလုံခြုံရေး

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအစောပိုင်းက စတင်ပြီး တိုက်ပွဲများ ပြင်းထန်လာသည်။ တိုက်ပွဲများကြောင့် လူပေါင်း သောင်းနှင့်ချီကာ မိမိနေရပ်ကိုစွန့်ခွာပြီး အခက်အခဲများဖြင့် ဒုက္ခသည်စခန်းများတွင် ခိုလှုံနေကြရသည်။

အလားတူ အရပ်သားမြောက်များစွာ လက်နက်ကြီးကျည်ဆန်များ ထိမှန်ခြင်း၊ ပစ်သတ်ခံရခြင်း၊ မိုင်းပေါက်ကွဲမှုများကြောင့် အသက်ဆုံးရှုံးမှုများလည်း ဖြစ်ပေါ်နေသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားမှုမရှိသည့် ကျေးရွာများ၊ စာသင်ကျောင်းများ၊ အများပြည်သူဆိုင်ရာ နေရာများတွင်လည်း စစ်၏ဆိုးကျိုး ဖြစ်ပေါ်နေသည်။ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများတွင် လက်နက်ကိုင်အဖွဲ့အစည်းများ လာရောက်တည်းခို နေထိုင်မှုများလည်း ရှိနေသည်။ ထို့ကြောင့် စာသင်ကျောင်းများ ပျက်စီးခြင်း၊ ကျောင်းတွင်းပစ္စည်းများ ယူဆောင်ခံရမှုများနှင့် ကြုံတွေ့နေရသည်။

လက်နက်ကိုင်အဖွဲ့အစည်းများအနြေဖင့် ရှေးဟောင်းယဉ်ကျေးမှု အဆောက်အအုံများ၊ ဘာသာရေး အဆောက် အအုံများ၊ ကျေးရွာများနှင့် အများပြည်သူဆိုင်ရာ နေရာများကို အကာအကွယ်ယူပြီး ပစ်ခတ် တိုက်ခိုက်မှုများ မပြုလုပ်ရန် လိုအပ်သည်။

လက်နက်ကိုင်အဖွဲ့များ ထိုသို့မပြုလုပ်ရန် အဆိုကိုလည်း ရခိုင်ပြည်နယ်လွှတ်တော်တွင် စက်တင်ဘာလ ၂၅ ရက်နေ့က အတည်ပြုခဲ့သည်။ ယင်းအဆိုကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကလည်း ထောက်ခံခဲ့ကြသည်။ ရက္ခိုင့်တပ်တော် (AA)ကလည်း ယင်းအဆိုကို ကြိုဆိုပြီး တိကျစွာ လိုက်နာဆောင်ရွက်သွားမည်ဟု စက်တင်ဘာလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

လတ်တလောတွင် ရခိုင်ပြည်နယ်အတွင်းတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။ တစ်ဖက်တွင် ငြိမ်းချမ်းရေးဆွေးနွေးမှုကလည်း အောင်မြင်မှုမရှိပေ။ တပ်မတော်ကလည်း ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်သောင်းကျန်းသူအဖြစ် သတ်မှတ်ပြီး တိုက်ခိုက်နေကာ ရခိုင်ပြည်နယ်တွင် တည်ရှိမှုကို လက်မခံပေ။ ရက္ခိုင့် တပ်တော်(AA)ကလည်း မိမိတို့ပြည်နယ်တွင် မိမိတို့တပ်ရှိရမည်ကို စွဲကိုင်ထားသည်။

ထိုသို့သဘောထားများကွဲလွဲနေလျှင် ရခိုင်ပြည်နယ်၏တိုက်ပွဲသည် ရေရှည်တိုက်ပွဲဖြစ်ပွားနိုင်ပြီး ပြည်သူ လူထုမှာ စစ်ပွဲ၏မြေစာပင် ဖြစ်နေရဦးမည်ဖြစ်သည်။

လက်နက်ကိုင်အဖွဲ့အစည်းများအနြေဖင့် ကျေးရွာများ၊ အများပြည်သူများနှင့်သက်ဆိုင်သည့် နေရာများတွင် တပ်စွဲခြင်း၊ အကာအကွယ်ယူ ပစ်ခတ်မှုများပြုလုပ်လျှင် စစ်ပွဲနှင့်မသက်ဆိုင်သည့် ပြည်သူလူထု ဒုက္ခရောက် ကြရမည်ဖြစ်သည်။

ထို့ကြောင့်  လက်နက်ကိုင်အဖွဲ့အစည်းများ ဂတိပြုခဲ့သည့်အတိုင်း ထိုသို့အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် တပ်စွဲခြင်း၊  ပစ်ခတ်ခြင်းများ မပြုလုပ်ရန် မိမိတို့ DMG က တိုက်တွန်းရေးသား လိုက်ရသည်။

မောင်တောမြို့ ကညင်ချောင်း ကုန်သွယ်ရေးစခန်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်။
May 30, 2026
ဘင်္ဂလားဒေ့ရှ်- ရခိုင်ပြည်နယ်စပ် ကုန်သွယ်ရေးကို ဧပြီလအတွင်းက စတင်ဖွင့်လှစ်ပြီး...
May 30, 2026
၁၉၆၀ ကျော်ကာလတွေကို ပြန်ကြည့်ရင် ရခိုင်ပြည်အတွက် အလွန်ခက်ခဲတဲ့ ကာလတစ်ခုပါ။ လမ်းပန်း ဆက်သွယ်ရေး၊...
May 29, 2026
AA ထိုးစစ်ကို ခုခံရန်အတွက် စစ်အုပ်သည် ရခိုင်ပြည်၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့တွင်...
၂၀၂၃ ခုနှစ်အတွင်းက စစ်တွေမြို့ မြင်ကွင်း။ ဓာတ်ပုံ - DMG
May 28, 2026
ရခိုင်ပြည်တွင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို...