မြောက်ဦးတွင် မိုင်းပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးကာတစ်ဦးဒဏ်ရာရ

မြောက်ဦးတွင် မိုင်းပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးကာတစ်ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့နယ်၊ ရွာဟောင်းတောကျေးရွာ တံတားအနီးတွင် ယနေ့(အောက်တိုဘာလ ၃၀ ရက်နေ့) ၊နံနက် ၈ နာရီခန့်က မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိသွားသည်။

မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူမှာ မြောက်ဦးမြို့၊ဘုရားအုပ်ရပ်ကွက်မှ အသက် (၃၂)အရွယ် ကိုကျော်နိုင် ထွန်းဖြစ်ပြီး ဒဏ်ရာရရှိသူမှာ ကျောက်တော်မြို့နယ်မှ အသက် (၃၁)နှစ်အရွယ် ကိုကျော်ထွန်းစိန်တို့ဖြစ်သည်။

၎င်းတို့နှစ်ဦးမှာ ကျောက်တူးသမားများဖြစ်ကြပြီး အလုပ်ကိစ္စကြောင့် ရွာဟောင်းတောကျေးရွာဘက်သို့ ဆိုင် ကယ်ဖြင့်သွားရာ ယင်းရွာအနီး တပ်မတော်စစ်ကြောင်းတစ်ခုက မိုင်းဖော်ခိုင်းသဖြင့် ပေါက်ကွဲမှုဖြစ်ပွားကာ သေဆုံး၊ဒဏ်ရာရရှိသွားခြင်းဟု လုံခြုံရေးအရ အမည်မဖော်လိုသည့်မြို့ခံတစ်ဦးက ပြောသည်။

 “သူတို့ကအလုပ်ကိစ္စကြောင့် မနက်ပိုင်းက ဆိုင်ကယ်နဲ့ရွာဟောင်းတော ဘက်ကိုသွားတယ်လို့ သိရတယ်။ ရွာဟောင်းတံတားအနီးမှာ မိုင်းထောင်ထားတာကို စစ်တပ်ကတွေ့လို့ သူတို့ကိုဖော်ခိုင်းတယ်။ အဲဒီအချိန်မှာ မိုင်းပေါက်ကွဲပြီး သူတို့မိုင်းထိသွားတယ်လို့ သိရတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် သေဆုံးသူရုပ်အလောင်းကို မြောက်ဦးမြို့ မင်းသားကျွန်းသုဿန်သို့ပို့ဆောင်ထားပြီး ဒဏ်ရာရရှိသူ ကို မြောက်ဦးဆေးရုံသို့ပို့ဆောင်ထားသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကိုဆက်သွယ်ရာတွင် ဖုန်းစက်ပိတ်ထားသည်။ ဆက်လက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်း ထွန်းကို ဆက်သွယ်ရာတွင် ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။ အလားတူ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ထွန်းထွန်းညီကို ဆက်သွယ်ခဲ့သော်လည်း အစည်းအဝေးတက်နေသောကြောင့် မအားသေးဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေစဉ်ကာလအတွင်း ရွာအနီး၊ တံတားအနီးနှင့် ကားလမ်းမတို့ပေါ်တွင် မိုင်းပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး လူသေဆုံး၊ ဒဏ်ရာရရှိမှု အရေအတွက်လည်း မြင့်တက်နေသည်။

သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...