ထွက်ပြေးသွားသည့် မွတ်ဆလင် (၂၉)ဦး ပြန်လည်ဝင်ရောက်လာ

ထွက်ပြေးသွားသည့် မွတ်ဆလင် (၂၉)ဦး ပြန်လည်ဝင်ရောက်လာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားကြသည့် မွတ်ဆလင် (၂၉)ဦး ယနေ့ အောက်တိုဘာလ ၂၂ ရက်နေ့၊ နံနက်ပိုင်းက မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းသို့ UEHRD အစီအစဉ်ဖြင့် ဝင်ရောက်လာသည်ဟု ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က DMG ကိုပြောသည်။

ယခု ဝင်ရောက်လာသူများမှာ အိမ်ထောင်စု (၆)စု ပါဝင်ပြီး နှစ်နိုင်ငံသဘောတူညီချက်ဖြင့် လာရောက်ခြင်းမဟုတ်ဘဲ မိမိဆန္ဒအလျောက် ပြန်လာချင်ကြောင်း စာရင်းပေးပို့သည့်အတွက် UEHRD အစီအစဉ်ဖြင့် လက်ခံခြင်းဟု ၎င်းကဆက်လက်ပြောသည်။

“နှစ်နိုင်ငံသဘောတူညီချက်အရတော့ မဟုတ်ဘူး။ သူတို့က မိမိဆန္ဒအလျောက် ပြန်လာချင်ကြောင်း ဒီမှာ စာရင်းလာတင်တယ်။ ဒီက စာရင်းမှာပါတဲ့သူတွေ အကြမ်းဖက်စာရင်းမှာ ပါဝင်တာရှိ၊ မရှိစစ်ဆေးတယ်။ နောက် ဒီမှာနေထိုင်ခဲ့တာ မှန်ကန်မှုရှိ၊ မရှိ အားလုံးစစ်ဆေးပြီးမှ UEHRD အစီအစဉ်နဲ့လက်ခံတာဖြစ်တယ်” ဟု ဦးစိုးအောင်က ပြောသည်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံဘက်သို့ မိမိဆန္ဒအလျောက်ပြန်ဝင်လာသည့် မွတ်ဆလင်ဦးရေ (၃၅၀)ဦးခန့် ရှိကြောင်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူးရုံးက သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသူများကို ယခုနှစ် သြဂုတ်လနှင့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတို့တွင် လက်ခံရန် နှစ်နိုင်ငံသဘောတူညီခဲ့သော်လည်း တစ်ဦးမျှဝင်ရောက်လာခြင်းမရှိပေ။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က မောင်တောဒေသမှာ အာဆာအကြမ်းဖက်အဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်တိုက်ခိုက်ရာမှာ မွတ်ဆလင် စုစုပေါင်း (၇)သိန်းကျော်ခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားကြောင်း ကုလသမဂ္ဂကပြောဆိုထားသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...