ပြိန်းချောင်းကျေးရွာအနီး ပစ်ခတ်မှုဖြစ်ပွားကာ ကျေးရွာသား ၂ ဦး ဒဏ်ရာရ

ပြိန်းချောင်းကျေးရွာအနီး ပစ်ခတ်မှုဖြစ်ပွားကာ ကျေးရွာသား ၂ ဦး ဒဏ်ရာရ

ကျော်သူဌေး

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပြိန်းချောင်းကျေးရွာအနီးတွင် ယနေ့ နေ့လည် ၁ နာရီကျော်အချိန်က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကျေးရွာအတွင်းမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပြိန်းချောင်းကျေးရွာအနီးတွင်ရှိသည့် အိုးလုပ်ချောင်းသို့ တပ်မတော်စစ်ကြောင်းတစ်ခု ဖြတ်သန်းလာစဉ် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီးနောက် ပစ်ခတ်မှုများကြောင့် ကျေးရွာသားနှစ်ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

“ရွာအရှေ့ဖက် ချောင်းဟိုဘက်က တပ်ကလာတဲ့အချိန် ပေါက်ကွဲမှုဖြစ်တာ၊ ချောင်းကိုကူးမယ်ဆိုပြီးတော့ လာကြာတာထင်တယ်။ မနေ့ကလည်း တစ်ဖွဲ့သွားကြပြီ၊ အဲဒီမှာ ပေါက်ကွဲမှုဖြစ်တာ” ဟု ၎င်းဒေသခံက ပြောသည်။

ဒဏ်ရာရရှိခဲ့သူနှစ်ဦးမှာ ဦးထွန်းလှိုင်နှင့် ဒေါ်မြရီတို့ဖြစ်ပြီး ဦးထွန်းလှိုင်တွင် ဝမ်းဗိုက် ဒဏ်ရာ ရရှိခဲ့ကာ ဒေါ်စောမြရီတွင် လည်ပင်းကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒေသခံများ၏ ပြောပြချက်အရ တပ်မတော်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အပြန်အလှန် ပစ်ခတ်မှု များရှိခဲ့ပြီး ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ခဲ့ကြောင်းလည်း ဆိုသည်။

ပြိန်းချောင်းကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ကျောင်းသားများနေထိုင်သည့် အဆောင်၌ လက်နက်ကျည်ကျရောက်သဖြင့် သွပ်မိုးများပေါက်ပြဲသွားသည်ဟု ပြိန်းချောင်းဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော်က မိန့်သည်။

“မိန်းကလေးတွေနေတဲ့ အဆောင်မှာကျတယ်။ သွပ်တွေပေါက်သွားတယ်။ ကျောင်းသားတွေကတော့ရှိတယ်။ ဒါပေမယ့် အခုဓမ္မာရုံမှာနေကြတယ်။ အထိအခိုက်တော့မရှိဘူး။ ဖြစ်တာက ဆယ်မိနစ်လောက်ကြာခဲ့တယ်”ဟု ဆရာတော်က မိန့်သည်။

ပစ်ခတ်မှုအတွင်း ဒဏ်ရာရရှိခဲ့သူ ၂ ဦးအနက် ဦးထွန်းလှိုင်မှာ ဒဏ်ရာအနည်းငယ်စိုးရိမ်ရသဖြင့် ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ရန် စီစဉ်လျက်ရှိကြောင်းလည်း သိရသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...