မြေပုံမြို့နယ် ရွာသာယာကျေးရွာမှ ညီအစ်ကိုနှစ်ဦး ပျောက်ဆုံးနေမှု ၈ ရက် ကြာသည့်တိုင် သတင်းအစအန မရရှိသေး

မြေပုံမြို့နယ် ရွာသာယာကျေးရွာမှ ညီအစ်ကိုနှစ်ဦး ပျောက်ဆုံးနေမှု ၈ ရက် ကြာသည့်တိုင် သတင်းအစအန မရရှိသေး
by -
ဝင်းညွန့်

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ရွာသာယာကျေးရွာမှ အောက်တိုဘာလ ၈ ရက်နေ့က ကျွဲရှာသွားစဉ် ပျောက်ဆုံးသွားသည့် ညီအစ်ကိုနှစ်ဦး၏သတင်းကို ၈ ရက်ကြာသည့်တိုင် အစအနတစ်ခုမျှ ရှာမတွေ့ သေးကြောင်း မိသားစုဝင်များက ပြောသည်။

ထိုသို့ ပျောက်ဆုံးသွားသည့် ညီအစ်ကိုနှစ်ဦးမှာ ကိုမောင်ဝင်းဌေး ၂၈ နှစ်နှင့် ကိုမောင်ဌေးဝင်း ၂၆ နှစ်တို့ ဖြစ်ကြပြီး အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၁၁ နာရီခန့်က ကျွဲရှာရန်အတွက် ရွာ၏အရှေ့ဘက် ၃ မိုင်ခန့် ဝေးသည့် တောအုပ်သို့ ထွက်သွားစဉ် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

“ကျနော့် ညီနှစ်ယောက် ပျောက်သွားတာ ၈ ရက်နေ့ကတည်းကပါ။ အဲဒီနေ့ ၁၁ နာရီလောက်ကတည်းက ကျွဲရှာဖို့ ထွက်သွားတာ။ ဒီနေ့အထိ ရှာမတွေ့သေးဘူး၊ အဆက်သွယ်လည်း မရဘူး” ဟု ပျောက်ဆုံးနေသူ နှစ်ဦး၏ အစ်ကိုဖြစ်သူ ဦးသိန်းအောင်က ပြောသည်။

အဆိုပါ ရွာသာယာကျေးရွာအနီးတစ်ဝိုက်တွင် တပ်မတော်စစ်ကြောင်းနှင့် အေအေတပ်ဖွဲ့တို့မှ လှုပ်ရှား သွားလာမှုများရှိသဖြင့် ပျောက်ဆုံးနေသည့်ညီအစ်ကိုနှစ်ဦးနှင့်ပတ်သက်၍ မိသားစုဝင်များမှ လက်နက်ကိုင် အဖွဲ့များကို သံသယရှိနေသည်။

သို့သော်လည်း တပ်မတော်နှင့် အေအေတို့မှ ပျောက်ဆုံးနေသူနှစ်ဦးနှင့်ပတ်သက်ပြီး ထုတ်ပြန်ပြောဆိုခြင်းများ မရှိသေးပေ။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...