NCA ၄ နှစ်ပြည့်ရက်တွင် RCSS/SSA နှင့် အစိုးရတပ်မတော် တိုက်ပွဲဖြစ်

NCA ၄ နှစ်ပြည့်ရက်တွင် RCSS/SSA နှင့် အစိုးရတပ်မတော် တိုက်ပွဲဖြစ်

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA  လက်မှတ်ရေးထိုး သည့် ၄ နှစ်ပြည့်နေ့ တွင် သျှမ်းပြည်တပ်မတော် RCSS/SSA  နှင့် အစိုးရတပ်မတော် တို့ မိုင်းပန်မြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ် နောင်ဟီး ကျေးရွာ အုပ်စု ဝမ့်ကန့်ကန်ရွာအနီး အောက်တိုဘာ ၁၅ ရက်  မနက် ၉ နာရီ ခွဲက  အစိုးရတပ်မတော် နှင့် RCSS/SSA တို့ ထိတွေ့မှု တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဦး က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ယနေ့ အောက်တိုဘာ ၁၅ ရက်သည် တိုင်းရင်းသား လက်နက်ကိုင် (EAOs) နှင့် အစိုးရ၊ အစိုးရတပ်မတော် တို့ NCA လက်မှတ်ရေးထိုးခဲ့သည်မှာ ၄ နှစ်ပြည့်သည့် ရက်ဖြစ်သည်။

“ အစိုးရတပ်မတော် က ကျနော်တို့ လှုပ်ရှားတဲ့နေရာထဲကို အကြောင်းမကြားဘဲ ဝင်လာလို့ ထိတွေ့မှု ဖြစ်တာပါ။ သူတို့က လမ်းမကြီးဘက်ကနေမသွားဘဲ။ ကျနော်တို့ရှိတဲ့တောထဲကို ဝင်လာလို့ပါ။ ထိတွေ့မှုက မိနစ် ၂၀ ပါပဲ” ဟု ဒုဗိုလ်မှူးကြီး စိုင်းဦး က ဆိုသည်။

အဆိုပါ ထိတွေ့ ပစ်ခတ်မှုတွင် RCSS/SSA ဘက်မှ တပ်သား များ ထိခိုက်ဒဏ်ရာမရရှိကြောင်း၊အစိုးရတပ်မတော် ဘက်တွင် ထိခိုက်မှု သတင်းမရရှိသေးကြောင်းလည်း ဒုဗိုလ်မှူးကြီး စိုင်းဦးက ပြောသည်။

တိုက်ပွဲကြောင့် ပြည်သူများထိခိုက်မှု နှင့် ပတ်သက်ပြီး ဒုဗိုလ်မှူးကြီး စိုင်းဦး က “ ကျေးရွာနဲ့ ဝေးတယ်။ စစ်ရှောင်တွေ တော့ မရှိဘူး” ဟု လည်း ဒုဗိုလ်မှူးကြီး စိုင်းဦးက ထပ်လောင်းပြောသည်။

အစိုးရတပ်မတော် ၏ တဖက်သက် အပစ်ရပ်ကာလ စက်တင်ဘာ ၂၁ ရက်တွင် ကုန်ဆုံးပြီးနောက် RCSS/SSA နှင့် မိုင်းကိုင်မြို့နယ် အတွင်း ထိတွေ့မှု တကြိမ်ရှိခဲ့ကြောင်းသိရသည်။

NCA လက်မှတ်ရေးထိုးပြီးနောက် အစိုးရတပ်မတော် နှင့် RCSS/SSA တို့ထိတွေ့မှု အသေးစားမကြာခဏ ဖြစ်ပွားခဲ့ကြောင်းကြားသိရပြီး  စာရင်းများအရမှာမူ ၂၀၁၅ ခုနှစ်မှ ၂၀၁၉ အထိ တိုက်ပွဲ ၅၂ ကြိမ်နှင့် ယခု ၂၀၁၉ ခုနှစ်အတွင်း တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွါးခဲ့ကြောင်း ဒုဗိုလ်မှူးကြီးစိုင်းဦးက သျှမ်းသံတော်ဆင့်အားပြောသည်။

ယနေ့ ဖြစ်ပွားသည့် အစိုးရတပ်မတော် နှင့် RCSS/SSA တို့ ထိတွေ့မှုနှင့်ပတ်သက်ပြီး သျှမ်းသံတော်ဆင့် သတင်းဌာနမှ တပ်မတော် သတင်းမှန်ပြန်ကြားရေး မှ ပြောရေးဆိုခွင့် ရှိသူကို ဆက်သွယ်ခဲ့ရာ မရရှိခဲ့ပေ။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...