AA နှင့်ပတ်သက်ပြီး တရားစွဲဆိုခံထားရသည့် ပလက်ဝဒေသခံ (၁၃)ဦးကိုရုံးထုတ်

AA နှင့်ပတ်သက်ပြီး တရားစွဲဆိုခံထားရသည့် ပလက်ဝဒေသခံ (၁၃)ဦးကိုရုံးထုတ်
by -
အောင်ထိန်

ရက္ခိုင့်တပ်တော်(AA)နှင့်ပတ်သက်ပြီး တရားစွဲဆိုခံထားရသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝကျေးရွာက ရွာသား (၁၃)ဦးကို အောက်တိုဘာလ ၉ ရက်နေ့က စစ်တွေမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့သည်။

၎င်းတို့ကို စွဲဆိုထားသည့် အမှုမှာ တရားလိုပြသက်သေ (၁၀)ဦးပါဝင်ပြီး ယင်းအနက် (၇)ဦးကို စစ်ဆေးပြီးစီးပြီ ဖြစ်သည်။သို့သော် တခြား (၃)ဦးမှာ ပခုက္ကူမြို့တွင် အကျဉ်းကျခံနေရသောကြောင့် သက်သေလာရောက် ထွက်ဆိုရန် ကြန့်ကြာနေသည်ဟု သူတို့အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦး ထွန်းလှက ပြောသည်။

“အဓိကက တရားလိုပြ သက်သေ ၃ဦးက ပခုက္ကူထောင်မှာဆိုတော့ သူတို့ကို ဒီကို ပြောင်းရွေ့လာဖို့အတွက် ရုံးကစာထုတ်တယ်။ ဒါပေမဲ့ ဒီတစ်ပတ်လည်း အဆင်မပြေဘူး။ နောက်တစ်ပတ်က ဘယ်လိုလာမလဲ ဆိုတာ မသိဘူးပေ့ါနော်။ တကယ်လို့ သူတို့ကို ပြောင်းရွေ့မလာနိုင်ဘူးဆိုရင်လည်း ကော်မရှင်မှာစစ်ဖို့ တင်ရမှာ ပေါ့နော်။ ကော်မရှင်မှာ စစ်ဖို့အတွက် လုပ်ရမှာပေါ့။ နည်းနည်းတော့ ကြာအုံးမယ့် ပုံစံမျိုးရှိပါတယ်”ဟု ၎င်းက ဆိုသည်။

၎င်းတို့ကို ကျောက်တော်အခြေစိုက် (၃၇၅)တပ်ရင်းက ဗိုလ်မှူးနိုင်အောင်ဖြိုးက တရားလိုပြုလုပ်ပြီး မတရား အသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)၊(၂)တို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ပလက်ဝမြို့နယ်ရှင်းလက်ဝကျေးရွာသား (၁၁)ဦးနှင့်၎င်းတို့ တည်းခို နေထိုင်ခဲ့သည့် ကျောက်တော်မြို့မှနေအိမ်ပိုင်ရှင်လင်မယားနှစ်ဦးတို့ကို ရက္ခိုင့်တပ်တော်(AA)ကိုဆက်သွယ် မှု၊ရိက္ခာထောက်ပံ့မှု စသည့်စွပ်စွဲချက်များဖြင့် ဖမ်းဆီးတရားစွဲဆိုထားခြင်းဖြစ်သည်။

“ဘာကြောင့်အဖမ်းခံရတာလဲဆိုရင် ကျွန်မအခုထိဘာပြောရမှန်းဆိုတာမသိသေးဘူး။ သူတို့ကို အမြန်ဆုံး လွှတ်ပေးစေချင်တယ်။ သူတို့ကို အမြန်လွှတ်ဖို့အတွက်ကို ကျွန်မတို့ တောင်းဆိုနေတာပါ။ ကျွန်မယောကျာ်းက ကိုယ့်ဘာသာကိုယ်ရိုးရိုးသားသားပဲ လုပ်စားနေတာ။ ကိုယ့်ဟာကိုယ် ရှင်းလက်ဝနဲ့ ကျောက်တော်ကို စက်လှေနဲ့သွား အဲလို့ပဲ လုပ်နေတာ။ သူတို့နဲ့ AA နဲ့လဲ မပတ်သတ်ဘူး။ ဘာမှလည်း အဆက်အစပ်မရှိဘူး”ဟု ဖမ်းဆီးခံ ဦးမောင်ခိုင်၏ ဇနီး ဒေါ်မသောင်းတင်က ပြောသည်။

၎င်းတို့ကို အမှုကို လာမည့် အောက်တိုဘာလ (၂၃)ရက်နေ့တွင် ထပ်မံချိန်းဆိုထားသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...