ဘူးသီးတောင် NLD ရုံးအနီးပေါက်ကွဲမှုမှာ ခြိမ်းခြောက်မှုတစ်ရပ်ဟု NLD ယူဆ

ဘူးသီးတောင် NLD ရုံးအနီးပေါက်ကွဲမှုမှာ ခြိမ်းခြောက်မှုတစ်ရပ်ဟု NLD ယူဆ
by -
ကျော်သူဌေး

ဘူးသီးတောင်မြို့၊ပန်ဇင်းချောင်းတံတားအရှေ့ဘက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ရုံးသစ် ဆောက်လုပ်နေသောနေရာအနီးတွင် ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့၊နံနက်ပိုင်းက မိုင်းပေါက် ကွဲမှုဖြစ် ပွားခဲ့သည်ဟု ဘူးသီးတောင်မြို့နယ် NLD ပါတီဥက္ကဌ ဦးရဲသိန်းက ပြောသည်။

ပါတီရုံးအနီးမှာ ယခုကဲ့သို့ပေါက်ကွဲမှုဖြစ်ပွားသောကြောင့် ကျေးရွာများတွင်ရှိသည့်ပါတီဝင်များလည်းစိုးရိမ် စိတ်များရှိနေပြီး လစဉ်ပါတီအစည်းအဝေးသို့တက်ရောက်ရန်အတွက်ပင် စိုးရိမ်မှုရှိနေသည်ဟု ဦးရဲသိန်း က ဆိုသည်။

“NLD ကို မကျေနပ်တဲ့အုပ်စုတွေက တစ်ဖက်တစ်လမ်းက အနှောင့်အယှက်ပေးတယ်။ခြိမ်းခြောက်တယ် လုပ် တယ်ပုံစံမျိုးဖြစ်နေတယ် ” ဟု ၎င်းက ပြောသည်။

ယင်းနေရာတွင် ရက္ခိုင့်တပ်တော်(AA)ဘက်က မိုင်း(၅)လုံးထောင်ထားခြင်းဖြစ်ပြီး တစ်လုံးပေါက်ကွဲကာ လေး လုံးမပေါက်ကွဲဘဲကျန်ရှိလိုက်သည်ဟု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။

“အေအေက အဲဒီမှာ ကုလားပန်ဇင်းတံတားနားမှာ မိုင်းတစ်လုံးခွဲတယ်။ထောင်တာတော့ ဒီကောင်တွေ ငါးလုံး ထောင်တယ်။တစ်လုံးကွဲတယ်။လေးလုံးမကွဲဘူးပေါ့နော် ” ဟု ၎င်းကဆိုသည်။

တပ်မတော်က ပြောဆိုသကဲ့သို့ မိုင်းဖောက်ခွဲခြင်းမရှိကြောင်းနှင့် ၎င်းတို့ကို နိုင်ငံရေးအရ ချောက်ချချင်သည့် အတွက် လုပ်ကြံခြင်းဖြစ်သည်ဟု ရက္ခိုင့်တပ်တော်(AA)၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။

“အဲဒီကိစ္စကတော့ ကျနော်တို့နဲ့ဘာမှပတ်သက်မှုမရှိဘူး။ဒါကတော့ ဗမာစစ်တပ်နဲ့ အစိုးရဘက်ကနေပြီးတော့ သူတို့ဟာ သူတို့လုပ်ကြံပြီးထောင်တာဖြစ်ပါလိမ့်မယ်။ဦးတည်ချက်ကတော့ ကျနော်တို့ကိုနိုင်ငံရေးအရ ချောက် ချချင်တဲ့အတွက် အဲလိုမျိုးလုပ်ကြံတာပဲဖြစ်ပါလိမ့်မယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့အကြား တိုက်ပွဲများဖြစ်ပွားနေပြီး မိုင်းပေါက်ကွဲမှုများ လည်းမကြာခဏဖြစ်ပေါ်နေသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...