တအာန်းဒေသ လူ့အခွင့်အရေး ချိုးဖောက်မှု မြင့်တက်

တအာန်းဒေသ လူ့အခွင့်အရေး ချိုးဖောက်မှု မြင့်တက်

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လက်နက်ကိုင် အဖွဲ့အစည်းများမှ ဒေသခံလူထုများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ကျူးလွန်နေပြီး ဇူလိုင်လ မှ စက်တင်ဘာလအထိ ၃ လအတွင်းတွင် ဒေသခံ ၇၀ ဦးအထိ လူ့အခွင့်အရေး ချိုးဖောက်ခံ ခဲ့ရသည်ဟု တအာင်းအမျိုးသမီး အဖွဲ့အစည်း TWO က ပြောသည်။

တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO ပြောရေးဆိုခွင့်ရှိသူ လွေးချိဆငါးက “လူ့အခွင့်အရေးချိုးဖောက်မှု ဒီ ၃ လအတွင်းမှာဆိုရင်တော့ လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးတဲ့ လူထုတွေ အများကြီး ရှိသလို ဒီအ တောအတွင်းမှာ ပေါ်တာဆွဲခံရတဲ့ အပိုင်းတွေလည်းရှိတယ်။ မြေမြုပ်မိုင်း အသုံးပြုမှုကြောင့် သေဆုံးတာတွေ ထိခိုက်ဒဏ်ရတဲ့သူတွေတော့ အများကြီးရှိတယ်။ ကျမတို့ TWO ဖက်က ကောက်ယူ ပြုစုထားတဲ့ အချက်အလက် အပေါ်အရဆိုရင်တော့ လူဦးရေကတော့ စုစုပေါင်း ၇၀ ဦးရှိတယ်” ဟုပြောသည်။

TWO ၏ ၃ လတာ ကာလအတွင်း စာရင်းပြုစုချက်အရ လူ့အခွင့်အရေး ချိုးဖောက်နေသည့် လက်နက်ကိုင် အဖွဲ့အစည်းများမှာ မြန်မာ့တပ်မတော် ၁၅ ကြိမ်၊ RCSS/SSA (၂) ကြိမ်၊ PSLF/TNLA (၂) ကြိမ်နှင့် ပြည်သူ့စစ် (၁) ကြိမ်၊ တို့ ဖြစ်ကြသည်။

ထို့အပြင် အခြားသော ချိုးဖောက်သူ အတိအကျ ဖော်ထုတ်နိုင်ခြင်းမရှိသော လူ့အခွင့်အရေး ချိုးဖောက်မှုအ ချို့လည်း ရှိသည်ဟု TWO က ဆိုသည်။

တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO အဖွဲ့၏ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇန္နဝါရီလမှ ဇွန်လအထိ ၆ လအတွင်း မှတ်တမ်းပြုစုချက်နှင့် ဇူလိုင်လမှ စက်တင်ဘာလအထိ ၃ လအတွင်း မှတ်တမ်းပြုစုချက်များကို နှိုင်းယှဉ်ကြည့် ပါက လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ပိုမိုမြှင့်တက်လာသည်ဟု လွေးချိဆငါးက ဆက်ပြောသည်။

“ဒီ ၃ လ ကျတော့ လူဦးရေ ၇၀ အထိ တက်လာတယ်။ ပြီးခဲ့တဲ့ ၆ လက လူဦးရေက ၈၀ ဝန်းကျင်လောက်ပဲ ရှိတယ်ဆိုတော့ အများကြီးတော့ ကွာဟသွားတဲ့ အပိုင်းတွေတော့ တွေ့ရတယ်။ အဲတော့ လူ့အခွင့်အရေး ချိုးဖောက်မှုက ပိုပြီးတော့ မြှင့် တက်လာတဲ့ အပိုင်းတွေ တွေ့ရတယ် ဒီ ၃ လထဲမှာ” ဟုပြောသည်။

လက်နက်ကိုင် အဖွဲ့အစည်းများက ဒေသခံပြည်သူများအား ပေါ်တာဆွဲခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်း လက်နက် ကြီး လက်နက်ငယ်များ ပစ်ခတ်ခြင်း၊ လူနေအိမ်ရှိ ပစ္စည်းများ သိမ်းယူဖျက်ဆီးခြင်း၊ မြေမြှုပ်မိုင်း အသုံးပြုမှု ကြောင့် သေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိခြင်းများအပြင် စစ်ဘေးရှောင် ဒုက္ခသည်များပြားလာခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အမျိုးမျိုးကို ဒေသခံများမှ တွေ့ကြုံခံစားခဲ့ရသည်ဟု ဆိုသည်။

“ကျမတို့ ဖြစ်စေချင်တာက ဒီလိုမျိုးဖြစ်ပွားနေတဲ့အပေါ်မှာ တာဝန်ယူမှု တာဝန်ခံမှု ပုံစံမျိုးဖြစ်စေချင်တယ်။ ဘယ်သူလုပ်တာလဲဆိုတဲ့ဟာကိုပဲ လူထုတွေအတွက် အမှန်တရားပေါ်ပေါက်စေချင်တယ်။ နောက်တစ်ခု ကျတော့ ဒီလိုမျိုးဆက်ပြီးတော့ နောက်နောင်ဆိုရင်တော့ ပြည်သူလူထုကို တိုက်ရိုက်ဦး တည်ပြီးတော့ ပစ်ခတ်တာမျိုး ချိုးဖောက်တာမျိုးတွေ ရှောင်ရှားစေချင်တယ်” ဟု လွေးချိဆငါး က ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဒေသခံလူထုအပေါ် လက်နက်ကိုင် အဖွဲ့အစည်းများက လူ့အခွင့်အရေး ချိုး ဖောက်မှု အများဆုံး မြို့နယ်များမှာ ကွတ်ခိုင်၊ နမ့်ဆန်၊ ကျောက်မဲ၊ သီပေါနှင့် နမ့်ခမ်းမြို့နယ်တို့ဖြစ်သည်ဟု သိရသည်။

ယခုကောက်ခံရရှိထားသည့် အချက်အလက်များသည် TWO အနေဖြင့် လက်လှမ်းမှီ သည့် နေရာများတွင်သာ ကောက်ခံထားခြင်းဖြစ်ပြီး လက်လှမ်းမမှီသည့် နေရာနှင့် အဆက်အသွယ်မရသည့် နေရာများတွင်လည်း လူ့အ ခွင့်အရေး ချိုးဖောက်ခံရမှု များစွာရှိနေသည်ဟု TWO က ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လက်နက်ကိုင် ပဋိပက္ခများကြောင့် ဒေသခံများမှာ စားဝတ်နေရေးအတွက် လွတ်လပ်စွာ သွားလာလုပ်ကိုင်ခွင့် မရရှိသည့်အပြင် တိုက်ပွဲများကြောင့် ၎င်းတို့၏ နေရပ်ဒေသကို စွန့်ကာ စစ်ဘေးရှောင်နေကြရသည်။

Most read this week

February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...
February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...