အင်းလေး ဖောင်တော်ဦး ဘုရားရုပ်ပွားတော်မြတ်များ ဒေသစာရီ ကြွချီ အပူဇော်ခံ

အင်းလေး ဖောင်တော်ဦး ဘုရားရုပ်ပွားတော်မြတ်များ ဒေသစာရီ ကြွချီ အပူဇော်ခံ

သျှမ်းပြည်နယ် တောင်ပိုင်း အထင်ကရ ပွဲတော်ဖြစ်သည့် ညောင်ရွှေမြို့နယ် အင်းလေး ဖောင်တော်ဦး ဗုဒ္ဓရုပ်ပွားတော်မြတ်များ ဒေသစာရီ ကြွချီ အပူဇော်ခံနေပြီဖြစ်ကြောင်း သိရသည်။

အင်းလေး ဖောင်တော်ဦး ဗုဒ္ဓရုပ်ပွားတော်မြတ်များ ဒေသစာရီ ကြွချီ အပူဇော်ခံ ပွဲကို စက်တင်ဘာ ၂၉ ရက်နေ့မှ အောက်တိုဘာ ၁၈ ရက်ထိ ပြုလုပ်ရာ အင်းလေး ဒေသ ၂၁ ဌာန သို့ အပူဇော်ခံသွားမည် ဟု သတင်းထုတ်ပြန်ထားသည်။

ယခုနှစ် အင်းလေး ဖောင်တော်ဦး ဘုရားပွဲ တွင် အင်းပေါခုံ ကျေးရွာ ၌ ပထမအကြိမ် မီးထွန်းပွဲ၊ လှေလှော်ပြိုင်ပွဲ နှင့် ရေပေါ် ဖျော်ဖြေပွဲများကို လည်း ထည့်သွင်း ကျင်းပ သွားမည် ဟု သိရသည်။

အင်းလေး ဖောင်တော်ဦး ဘုရားပွဲသည် မြန်မာလူမျိုးသာမက နိုင်ငံတကာ မှ စိတ်ဝင်စားသည့် ပွဲတော်ဖြစ်ပြီး၊ ခရီးသွားဧည့်သည် များစွာ လာရောက်လည်ပတ်သည့် ပွဲတော်တခုလည်းဖြစ်သည်။

အင်းလေး ဖောင်တော်ဦး ဗုဒ္ဓရုပ်ပွားတော်မြတ်များ ဒေသစာရီ ကြွချီ အပူဇော်ခံ ပွဲတွင် အင်းလေးဒေသ ၂၁ဌာနဖြစ်သည့် မူလစံကျောင်းတော်မှ ကျေးပေါခုံ၊ အင်းတိန်၊ ဟဲယာရွာမ၊ ငါးဖယ်ချောင်း၊ ကြေးစားကုန်း၊ ပွဲစားကုန်၊ လင်းကင်း၊ ညောင်ရွှေမြို့၊ နန်းသဲ၊ မိုင်းသောက်၊ သလဲဦး၊ ကေလာ၊ဇရပ်ကြီး၊ အလိုတော်ပေါက် နန်းပန်၊ မကျည်းဆိပ်၊ ကျိုင်းခမ်း၊ မိုင်းပျိုး၊ နောင်တော၊ အင်းပေါခုံ၊ ရေသာ သို့ ဒေသစာရီ ကြွချီ အပူဇော်ခံသွားမည် ဟု သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...