အင်းလေး ဖောင်တော်ဦး ဘုရားရုပ်ပွားတော်မြတ်များ ဒေသစာရီ ကြွချီ အပူဇော်ခံ

အင်းလေး ဖောင်တော်ဦး ဘုရားရုပ်ပွားတော်မြတ်များ ဒေသစာရီ ကြွချီ အပူဇော်ခံ

သျှမ်းပြည်နယ် တောင်ပိုင်း အထင်ကရ ပွဲတော်ဖြစ်သည့် ညောင်ရွှေမြို့နယ် အင်းလေး ဖောင်တော်ဦး ဗုဒ္ဓရုပ်ပွားတော်မြတ်များ ဒေသစာရီ ကြွချီ အပူဇော်ခံနေပြီဖြစ်ကြောင်း သိရသည်။

အင်းလေး ဖောင်တော်ဦး ဗုဒ္ဓရုပ်ပွားတော်မြတ်များ ဒေသစာရီ ကြွချီ အပူဇော်ခံ ပွဲကို စက်တင်ဘာ ၂၉ ရက်နေ့မှ အောက်တိုဘာ ၁၈ ရက်ထိ ပြုလုပ်ရာ အင်းလေး ဒေသ ၂၁ ဌာန သို့ အပူဇော်ခံသွားမည် ဟု သတင်းထုတ်ပြန်ထားသည်။

ယခုနှစ် အင်းလေး ဖောင်တော်ဦး ဘုရားပွဲ တွင် အင်းပေါခုံ ကျေးရွာ ၌ ပထမအကြိမ် မီးထွန်းပွဲ၊ လှေလှော်ပြိုင်ပွဲ နှင့် ရေပေါ် ဖျော်ဖြေပွဲများကို လည်း ထည့်သွင်း ကျင်းပ သွားမည် ဟု သိရသည်။

အင်းလေး ဖောင်တော်ဦး ဘုရားပွဲသည် မြန်မာလူမျိုးသာမက နိုင်ငံတကာ မှ စိတ်ဝင်စားသည့် ပွဲတော်ဖြစ်ပြီး၊ ခရီးသွားဧည့်သည် များစွာ လာရောက်လည်ပတ်သည့် ပွဲတော်တခုလည်းဖြစ်သည်။

အင်းလေး ဖောင်တော်ဦး ဗုဒ္ဓရုပ်ပွားတော်မြတ်များ ဒေသစာရီ ကြွချီ အပူဇော်ခံ ပွဲတွင် အင်းလေးဒေသ ၂၁ဌာနဖြစ်သည့် မူလစံကျောင်းတော်မှ ကျေးပေါခုံ၊ အင်းတိန်၊ ဟဲယာရွာမ၊ ငါးဖယ်ချောင်း၊ ကြေးစားကုန်း၊ ပွဲစားကုန်၊ လင်းကင်း၊ ညောင်ရွှေမြို့၊ နန်းသဲ၊ မိုင်းသောက်၊ သလဲဦး၊ ကေလာ၊ဇရပ်ကြီး၊ အလိုတော်ပေါက် နန်းပန်၊ မကျည်းဆိပ်၊ ကျိုင်းခမ်း၊ မိုင်းပျိုး၊ နောင်တော၊ အင်းပေါခုံ၊ ရေသာ သို့ ဒေသစာရီ ကြွချီ အပူဇော်ခံသွားမည် ဟု သိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...